HomeSportယာအိုဖီးလစ်ကို ယူနိုက်တက်အသင်း ခေါ်ယူနိုင်ပါ့မလား ? ? ?

ယာအိုဖီးလစ်ကို ယူနိုက်တက်အသင်း ခေါ်ယူနိုင်ပါ့မလား ? ? ?

- Advertisement -

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် ဘင်ဖီကာအသင်းရဲ့ အသက် (၁၉) နှစ်အရွယ် လူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ကို ခေါ်ယူရန်  အရှိန်မြှင့်ကြိုးစားလာခဲ့ကြောင်း သိရှိရပါတယ်။ ယာအိုဖီးလစ်ဟာ လက်ရှိ ဘောလုံးရာသီ၌ အသင်းအတွက် ပြည်တွင်းလိဂ်နဲ့ယူရိုပါလိဂ် နှစ်ခုပေါင်း သွင်းဂိုး (၂၆) ဂိုး၌ တိုက်ရိုက် ပါဝင်ပတ်သက်နေခဲ့ပြီး  အဆိုပါ ပေါ်တူဂီလူငယ်ကြယ်ပွင့် ကစားသမားလေးကို ခေါ်ယူရန် အခြားသော ဥရောပ အသင်းကြီးများကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

 

ယူနိုက်တက်အသင်းသည် ယာအိုဖီးလစ်ကို ခေါ်ယူရန်အတွက် အပူတပြင်း ကြိုးစားနေပြီး The Star သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ ကင်းထောက်များသည် ပြီးခဲ့သည့်  စနေနေ့က ကစားခဲ့သည့် ဘင်ဖီကာအသင်းရဲ့ ပွဲစဉ်တစ်ပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး ကစားသမားရဲ့ ခြေစွမ်းကို အကဲခတ်ခဲ့ပြီးနောက် ယာအိုဖီးလစ်ကို ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။  ယူနိုက်တက်အသင်းအနေနဲ့ ယခုကဲ့သို့  ယာအိုဖီးလစ်ရဲ့ ခြေစွမ်းကို  ကင်းထောက်စေလွှတ်ပြီး  ထောက်လှမ်းခဲ့ခြင်းက ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခုပွဲ၌မူ ယာအိုဖီးလစ်က  အသင်းအတွက်  ခြေစွမ်းပြဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘင်ဖီကာအသင်းကလည်း  ပေါ်တူဂီ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

- Advertisement -

ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗင်တပ်စ်အသင်းတို့ကလည်း အဆိုပါ ပေါ်တူဂီ ယူ- ၂၁ လက်ရွေးစင် ကစားသမားကို ခေါ်ယူရန် သတင်းများ ထွက်ပေါ်နေပြီး စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း အသင်းရဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းရဲ့ နေရာ၌ အစားထိုးရန် ယာအိုဖီးလစ်ကို ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...