HomeEntertainmentမင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မယ့် အေးဂျင့် နာတာရှား ခေါ် Scarlett Johansson

မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မယ့် အေးဂျင့် နာတာရှား ခေါ် Scarlett Johansson

- Advertisement -

Scarlett Johansson နဲ့ Colin Jost တို့စုံတွဲဟာ (၂) နှစ်ကျော်ကြာ တွဲခုတ်လာပြီးနောက် မင်္ဂလာပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ EW Magazine ရဲ့ ထုတ်ပြန်ချက်အရ Scarlett ရဲ့ ပြောရေးဆိုခွင့်ရှိသူမှ အဆိုပါသတင်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာပွဲကျင်းပပြုလုပ်မယ့် ရက်စွဲအတိအကျကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

အသက် ၃၄ နှစ်အရွယ်ရှိ Avengers မင်းသမီးနဲ့ အသက် ၃၆ နှစ်အရွယ်ရှိ Saturday Night Live စူပါစတားတို့ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှစတင်ကာ တရားဝင်တွဲခုတ်ခဲ့ကြပြီး နှစ်ဖက်မိဘတွေနဲ့လည်း  တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Scarlett ရဲ့ (၄) နှစ်အရွယ် သမီးလေးဖြစ်တဲ့ Rose နဲ့အတူ ကယ်လီဖိုးနီးယားရှိ Disney Land ကို အလည်အပတ်သွားရောက်ခဲ့တာဖြစ်ပါတယ်။

သူမ Black Widow အဖြစ် သရုပ်ဆောင်ထားတဲ့ Avengers: Endgame မိတ်ဆက်ပွဲကိုလည်း နှစ်ယောက်သားအတူတူ တက်ရောက်ခဲ့ကြပါတယ်။ Scarlett ရဲ့ နီးစပ်သူတွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ “ Scarlett တို့စုံတွဲဟာ တစ်ဦးကိုတစ်ဦး အလွန်ပဲ ချစ်ခင်စုံမက်ကြပြီး နှစ်ယောက်သား စိတ်ဝင်စားတဲ့ အချက်အလက်တွေကလည်း တူညီနေတတ်ကြပါတယ်။ Scarlett အနေနဲ့လည်း အခုလက်ရှိအချိန်အခါမှာ အလွန်ပဲ ပျော်ရွှင်နေပါပြီ . . .” ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Scarlett အနေနဲ့ Deadpool မင်းသား Ryan Reynolds နဲ့ သတင်းထောက်ဖြစ်သူ Romain Dauriac တို့နဲ့ လက်ထပ်ခဲ့ဖူးပြီး Romain နဲ့ သမီးလေးတစ်ဦး ထွန်းကားခဲ့ပါတယ်။ Colin Jost အနေနဲ့ကတော့ ပထမဦးဆုံးအကြိမ် မင်္ဂလာပွဲကျင်းပတာပဲဖြစ်ပါတယ်။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × 1 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...