နောက်ဆုံးမှာတော့ အနားယူနေတဲ့ ကြေးစားလူသတ်သမားကြီး John Wick က Super Hero တွေ အမြောက်အမြားနဲ့ ရိုက်ကူးထားတဲ့ Avengers: Endgame ကို ရုံတင်ပြသပြီး သုံးပတ်အကြာမှာ ဝင်ငွေစံချိန်အရ ကျော်တက်သွားပြီပဲဖြစ်ပါတယ်။
မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ John Wick Chapter – 3 ဟာ ရုပ်ရှင်ရုံပေါင်း ၃၈၅၀ ခုမှာ ရုံတင်ပြသပြီးနောက် ဝင်ငွေ ဒေါ်လာ ၅၇ သန်းကျော် ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ Avengers: Endgame မှာ ရုံပေါင်း ၄၂၂၀ ခုမှာ ပြသပြီိးနောက် ခန့်မှန်းဝင်ငွေ ဒေါ်လာ ၂၉.၄ သန်းကျော်ရရှိကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆက်လက်ပြီး ရုပ်ရှင်ရုံပေါင်း ၄၂၄၈ ခုမှာ ပြသပြီးနောက် ဒေါ်လာ ၂၄.၈ သန်းကျော်ရရှိခဲ့တဲ့ Pokemon Detective Pikachu မှ တတိယနေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအချို့က ပြုလုပ်ထားတဲ့ စာရင်းကောင်ခံမှုအရ ဝင်ငွေအမြောက်အမြားရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကား (၁၀) ကားကို အစဉ်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။
1.John Wick: Chapter Three — Parabellum — $57 million
2. Avengers: Endgame— $29.4 million
3. Pokemon Detective Pikachu— $24.8 million
4. A Dog’s Journey— $8 million
5. The Hustle— $6.1 million
6. The Intruder— $4 million
7. Long Shot — $3.4 million
8. The Sun Is Also a Star— $2.6 million
9. Poms— $2.1 million
10. Uglydolls— $1.6 million
#ST(Soshwe)
#Soshwe(1209Entertainment)
#SoshweForYourDailyLife
#Like&Share