HomeEntertainmentBritney Spears တစ်ယောက် ဖော်ဖြေတင်ဆက်မှုတွေကို ရပ်ဆိုင်းရတော့မှာလား ? ? ?

Britney Spears တစ်ယောက် ဖော်ဖြေတင်ဆက်မှုတွေကို ရပ်ဆိုင်းရတော့မှာလား ? ? ?

- Advertisement -

အသက် ၃၇ နှစ်အရွယ် ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ Britney Spears ဟာ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဖျော်ဖြေတင်ဆက်မှုတွေ မလုပ်ဖြစ်တော့တဲ့ကြောင်းကို သူမရဲ့ မန်နေဂျာ Larry Rudolph က ဆိုပါတယ်။ Britney ရဲ့ ဖခင်ဖြစ်သူ Jamie က အသက်အန္တရာယ်ရှိတဲ့ အူမကြီးကျွံခြင်းဝေဒနာ ခံစားနေရတာကို သိရှိပြီးနောက်မှာ အဖေ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုလွန်ကဲခဲ့ခြင်းက သူမရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။

မန်နေဂျာ Rudolph ရဲ့ ပြောကြားချက်အရ လွန်ခဲ့တဲ့နွေရာသီတုန်းက Britney ဟာ Las Vegas မှာ ပြုလုပ်မယ့် သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေတင်ဆက်မှုအတွက် အားသွန်ခွန်စိုက်ကြိုးစားနေခဲ့ပြီး အခုချိန်မှာတော့ ဒီတင်ဆက်မှုနဲ့ ပတ်သက်ပြီး လုံးဝစိတ်မပါတော့တာပဲဖြစ်ပါတယ်။ Rudolph က “ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် Britney ဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ကိုယ်ပိုင်းဆိုင်ရာအရပါ ကျန်းမာလာမှ ဒီအနုပညာအလုပ်ကို ဆက်လုပ်စေချင်ပါတယ်။ သူမ မကျန်းမာသေးသရွေ့တော့ ဘာအလုပ်မှမလုပ်စေချင်ပါဘူး။ ကျွန်တော်က သူမကိုကူညီပေးဖို့ အမြဲတမ်း အဆင်သင့်အနေအထားမှာ ရှိနေမှာပါ။ အကယ်၍ သူမက အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ ကျွန်တော့ကိုဆက်သွယ်လာရင်လည်း သူမ လုပ်သင်၊့ မလုပ်သင့်ကို ကျွန်တော် အတတ်နိုင်ဆုံး အကြံပေးသွားမျာပါ။” လို့ ထပ်လောင်း ပြောပြခဲ့ပါတယ်။

Britney ရဲ့ မိခင်ဖြစ်သူ Lynne ကလည်း  လော့စ်အိန်ဂျလိစ်မှာ  ဆေးကုသမှုခံယူနေတဲ့ Britney နဲ့ အတူတူနေရင်း သူမရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးနေကြောင်းကို Spears မိသားစုက PEOPLE မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

 

- Advertisement -

#SY(Soshwe)

#SoshweCelebrity

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 + 12 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...