HomeEntertainmentBatman ဇာတ်ကောင်နဲ့ပတ်သက်ပြီး George Clooney က Ben Affleck ကို ပေးခဲ့တဲ့ အကြံဉာဏ်။

Batman ဇာတ်ကောင်နဲ့ပတ်သက်ပြီး George Clooney က Ben Affleck ကို ပေးခဲ့တဲ့ အကြံဉာဏ်။

- Advertisement -

အသက် ၅၈ နှစ်အရွယ် ထပ်ဆင့်အော်စကာဆုရှင် George Clooney က ၁၉၉၇ ခုနှစ်မှာ DC ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားတဲ့ Batman & Robin ဆိုတဲ့ ဇာတ်ကားမှာ Batman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။  ထိုဇာတ်ကားထဲမှာ Chirs O’Donnell က Robin အဖြစ်လည်းကောင်း ၊ Alicia Silverstone က Batgirl အဖြစ်လည်းကောင်း ၊ Arnold Schwarzenegger က Mr. Freeze အဖြစ်လည်းကောင်း Uma Thurman က Poison Ivy အဖြစ်လည်းကောင်း အသီးသီးပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။

George Clooney ကိုယ်တိုင်ထုတ်လုပ်တဲ့ “Argo” ဆိုတဲ့ဇာတ်ကားမှာ Ben Affleck က ခေါင်းဆောင်သရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ထိုစဉ်က Affleck ဟာ “Batman Vs Superman:Dawn of Justice” ဆိုတဲ့ဇာတ်ကားမှာ Batman အဖြစ် ပါဝင်သရုပ်ဆောင်ရမှာကို Clooney က သိသွားပြီးနောက် ထိုဇာတ်ကောင်အဖြစ် သရုပ်မဆောင်ဖို့ အကြံဉာဏ်ပေးခဲ့ပါတယ်။

- Advertisement -

ဘာကြောင့် ထိုအကြံဉာဏ်ပေးဖြစ်ခဲ့ကြောင်းကို Clooney က “ကျွန်တော်ကိုယ်တိုင် DC ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအတွက် Batman အဖြစ် သရုပ်ဆောင်ခဲ့စဉ်က ရခဲ့တဲ့ အတွေအကြုံပေါ်မူတည်ပြီးတော့ Ben ကို ဒီဇာတ်ကောင်အဖြစ်သရုပ်ဆောင်ဖို့ကို ‘လုံးဝလက်မခံပါနဲ့’ ဆိုပြီး အကြံပေးခဲ့ပါတယ်။ ကျွန်တော့အကြံပေးချက်ကို Ben က နားမထောင်ဘဲ လက်ခံလိုက်တယ်ဗျာ။ ကျွန်တော်ကြည့်ရသလောက်ကတော့ Ben က ဒီဇာတ်ကားထဲမှာလည်း Batman အဖြစ်  ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဗျာ ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်ကိုယ်တိုင် Batman အဖြစ် သရုပ်ဆောင်ခဲ့ရတာကို အမှားတစ်ခုလို့ ကျွန်တော်ခံစားရတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီဇာတ်ကားကို ဇာတ်ကားကောင်းလို့မမြင်လို့ပါ။ ဒီအမှားကို ပြင်ဆင်ဖို့အတွက် ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပြီး ယခုချိန်မှာလည်း ရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကျွန်တော်ကိုယ်တိုင် ကြီးကြပ်တာဝန်ယူနေရပါပြီ။” လို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

- Advertisement -

Ben Affleck က “Batman Vs Superman:Dawn of Justice” မှာ သရုပ်ဆောင်ပြီးနောက်မှာတော့ ပြင်းပြင်းထန်ထန်ဝေဖန်ခံရမှုကြောင့် George Clooney အကြံပေးတာကို နားမထောင်ခဲ့မိတာမှားကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူက DC ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက နောက်ထပ်ထုတ်လုပ်လာမယ့် Batman ပါဝင်တဲ့ ဇာတ်ကားတွေမှာလည်း Batman အဖြစ် လုံးဝ ပါဝင်သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read