HomeEntertainmentသတင်းထောက်တစ်ဦးရိုက်ပေးထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်လိုက်သောကြောင့် တရားစွဲခံရတဲ့ Ariana Grande

သတင်းထောက်တစ်ဦးရိုက်ပေးထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်လိုက်သောကြောင့် တရားစွဲခံရတဲ့ Ariana Grande

- Advertisement -

သတင်းထောက်တွေနဲ့ ပတ်သက်တဲ့ တရားဥပဒေတွေထဲက တစ်ခုကတော့ အနုပညာရှင်တွေက သတင်းထောက်တွေ ရိုက်ထားပေးတဲ့ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်မှာ သတင်းထောက်ကို ခွင့်တောင်းခြင်းမရှိဘဲ တင်လိုက်မိရင် သတင်းထောက်တွေက တရားစွဲခွင့်ရှိတာပဲဖြစ်ပါတယ်။

နယူးယောက်ခ်မြို့အခြေပြု ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Robert Barbera ဟာ လွန်ခဲ့တဲ့နှစ်က Ariana Grande ကို “Sweetener” ဆိုတဲ့  ဘေးလွယ်အိတ်လေးဆွဲပြီး ဟိုတယ်ကနေထွက်လာတဲ့ပုံလေးကို ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။ ဒီပုံလေးတွေကို Ariana Grande က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ပြန်တင်ထားခဲ့ပါတယ်။ ဒီပုံရဲ့အောက်မှာတော့ ဓာတ်ပုံဆရာကို ဖော်ပြထားခြင်းမရှိပါဘူး။

- Advertisement -

- Advertisement -

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဓာတ်ပုံဆရာက သူမကို တရားစွဲခဲ့တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ မူပိုင်ခွင့်တရားဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက်ပဲဖြစ်ပါတယ်။ Robert က Grande ဟာ ဒီပုံကို သူမရဲ့အင်စတာဂရမ်အကောင့်မှာ မတင်ခင် သူ့ဆီက ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိဘူးဟု အခိုင်အမာပြောဆိုလာပါတယ်။

- Advertisement -

ဒါ့အပြင် ဓာတ်ပုံဆရာက Grande ကို ဓာတ်ပုံတစ်ပုံအတွက် ဒေါ်လာ ၂၅,၀၀၀ ဆီ ပေးဖို့ တရားဝင်တောင်းဆိုထားပါတယ်။ Ariana နဲ့ ပတ်သက်ပြီး  ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဖြေရှင်းချက်မှ မပေးရသေးပါဘူး။

ဒီလိုမျိုး သတင်းထောက်တွေ ရိုက်ထားပေးတဲ့ဓာတ်ပုံကို သူတို့တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ယူသုံးတဲ့အတွက်ကြောင့် တရားစွဲခံရတာက Ariana တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။  နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Gigi Hadid ၊ Kim Kardashian West ၊ Jennifer Lopez နဲ့ Jessica Simpson တို့လည်း ဒီလိုဖြစ်ရပ်မျိုး ကြုံခဲ့ဖူးကြပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read