HomeOtherFunnyမိခင်များနေ့၌ အမျိုးအသား အဖော်အချွတ်မော်ဒယ်များဖြင့် မိခင်များအတွက် ဖျော်ဖြေပေးခဲ့သည့် မက္ကဆီကိုနိုင်ငံမှ မူလတန်းကျောင်း။

မိခင်များနေ့၌ အမျိုးအသား အဖော်အချွတ်မော်ဒယ်များဖြင့် မိခင်များအတွက် ဖျော်ဖြေပေးခဲ့သည့် မက္ကဆီကိုနိုင်ငံမှ မူလတန်းကျောင်း။

- Advertisement -

The Manuel Gutierrez ဟုအမည်ရသည့် မက္ကဆီကိုနိုင်ငံရှိ မူလတန်းကျောင်းတစ်ကျောင်းသည် မိခင်များနေ့ အထိမ်းအမှတ်အတွက် ကျောင်းသို့ရောက်ရှိနေသည့် မိခင်များကို ကလေးများရဲ့ရှေ့၌ပင် အဖော်အချွတ်မော်ဒယ်ဖြင့် ဖျော်ဖြေစေခဲ့ကြောင်း သိရှိရပါတယ်။ မလုံမခြုံဝတ်စားထားသည့် အဆိုပါ အမျိုးသားသည် ကလေးများရှိနေသည့် အချိန်၌ပင် ရောက်ရှိလာခဲ့ကာ မိခင်တစ်ယောက်ချင်းစီကို လိုက်လံဖျော်ဖြေခဲ့ခြင်းဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်များမှာလည်း အဆိုပါ ဗီဒီယိုကို ကြည့်ရှုသူအကြိမ်အရေအတွက်ပေါင်း (၂) သိန်းနဲ့အထက် ရှိနေပြီဖြစ်ကာ ကျောင်းရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်မှုအများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

Efrain Salgado Gama ဆိုသည့် Facebook အကောင့်ပိုင်ရှင်မှလည်း “ကလေးတွေအတွက် သိပ်ကိုကောင်းတဲ့ ပညာရေးပါပဲ။ ပွဲစီစဉ်သူတွေရဲ့ လုပ်ရပ်က စိတ်ပျက်စရာဖြစ်ပြီး ဒီဖြစ်ရပ်မှာ  ကျောင်းအုပ်ဆရာမကြီးလည်း ပါနေတယ်ဆိုရင် သူပါတစ်ခါတည်း အလုပ်ထုတ်ခံရသင့်ပါတယ်။” ဟု ဝေဖန်ရေးသားခဲ့ပါတယ်။ ဒါ့အပြင် Agustin Delgado Ferrara ကလည်း “ဒါဆို ဒီကျောင်းတွေက ကလေးတွေကို အဖော်အချွတ်မော်ဒယ်ဖြစ်အောင် သင်ပေးနေပြီး သူတို့ ခြေရာကို လိုက်နင်းနိုင်အောင် သင်ပေးနေတာလား။ လာမယ့် (၁၀) နှစ်အတွင်းမှာ ဒီတိုင်းပြည်က ဘယ်လိုဖြစ်လာမှာလဲ။” ဟု ရေးသားဝေဖန်ခဲ့ပါသေးတယ်။

- Advertisement -

အနီရောင်ဘောင်းဘီတိုဝတ်ဆင်ထားပြီး တောင်ပံနှစ်ဖက်ကို တပ်ဆင်ထားသည့် ကြွက်သားများနဲ့ အဆိုပါ အမျိုးသားသည် မိခင်များနေ့အထိမ်းအမှတ်အဖြစ် ကျောင်းကို ရောက်ရှိနေသည့် မိခင်များရှေ့၌ လှည့်ပတ်ဖျော်ဖြေခဲ့ပြီး ယခုကဲ့သို့ ဖျော်ဖြေနေချိန်၌ ကလေးငယ် အများအပြားကလည်း ကြည့်ရှုလျက်ရှိနေပါတယ်။ လူမှုကွန်ရက်ပေါ်မှ အဆိုပါ ဗီဒီယိုနဲ့ပတ်သက်ပြီး ဝေဖန်မှုအများအပြား ထွက်ပေါ်နေပေမယ့် အဆိုပါ ဗီဒီယိုထဲမှ မိခင်ဖြစ်သူ အမျိုးသမီးများကမူ ကျောင်းက စီစဉ်ခဲ့သည့် ဖျော်ဖြေမှုကို သဘောကျခဲ့ကြဟန်ရှိပြီး ဗီဒီယိုထဲ၌ အဆိုပါ အမျိုးသားကို လက်ခုပ်တီးအားပေးနေကြသည်ကိုလည်း  တွေ့ရှိခဲ့ရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweFunny

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 3 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...