HomeSportအသက် (၁၀) နှစ်အရွယ် ရောဂါသည်ကလေးငယ်ရဲ့ အိမ်မက်ကို အမှန်တကယ် ဖြည့်ဆည်းပေးလိုက်သည့် ရော်နယ်ဒို။

အသက် (၁၀) နှစ်အရွယ် ရောဂါသည်ကလေးငယ်ရဲ့ အိမ်မက်ကို အမှန်တကယ် ဖြည့်ဆည်းပေးလိုက်သည့် ရော်နယ်ဒို။

- Advertisement -

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ််မှူးဖြစ်သူ ရော်နယ်ဒိုသည် ဦးနှောက်အကျိတ်ဝေဒနာကို ခံစားနေရသည့် အသက် (၁၀) နှစ်အရွယ် Joseph ရဲ့ အိမ်မက်များ အမှန်တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရှိရပါတယ်။ (၂၀၁၃) ခုနှစ်တည်းက အဆိုပါရောဂါဝေဒနာဆိုးကြီးကို ခံစားခဲ့ရသည့် Joseph သည် ရော်နယ်ဒိုကို အလွန်အမင်း နှစ်သက်အားပေးလာခဲ့သည့် ပရိသတ်တစ်ဦးလည်းဖြစ်ပြီး လက်ရှိအချိန်၌မူ အဆိုပါ ကလေးငယ်သည် တူရင်မြို့ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်း၌ သူ့ဘဝရဲ့ စံပြပုဂ္ဂိုလ်ဖြစ်သည့် ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ အစီအစဉ်ကို Rays of Sunshine ဟုအမည်ရသည့် ကလေးသူငယ်များဆိုင်ရာ ပရဟိတအဖွဲ့အစည်းနဲ့ အဆိုပါ အဖွဲ့အစည်းကို ထောက်ပံ့နေသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးလ်မြို့၌ နေထိုင်သည့် Joseph နဲ့ သူ့ရဲ့ မိသားစုဝင်များသည် အီတလီနိုင်ငံသို့သွားရောက်ကာ ရော်နယ်ဒိုနဲ့ သွားရောက်တွေ့ဆုံခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

မိခင်ဖြစ်သူ Kelly ကလည်း “ဝိုး၊ ဒီလိုဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ ရှင်တို့အားလုံးကို လုံလောက်တဲ့ ကျေးဇူးတင်စကား ပြောဖို့ မဖြစ်နိုင်ပါဘူး။ ဒီအတွေ့အကြုံအားလုံးက အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပြီး Joseph ကလည်း အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။ ရော်နယ်ဒိုတစ်ယောက် သူ့ရှေ့ရောက်မလာခင်အချိန်အထိ ရော်နယ်ဒိုနဲ့တွေ့ရမယ်ဆိုတာကို သူမသိခဲ့ပါဘူး။ ရော်နယ်ဒိုကလည်း ကျွန်မတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်ခဲ့ပြီး လက်မှတ်တွေလည်း ထိုးပေးခဲ့ပါတယ်။” ဟု ဝမ်းမြောက်ဝမ်းသာဖြင့် ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနဲ့ ပထမဆုံး ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ (၄၂) ပွဲကစား (၂၈) ဂိုးသွင်းယူထားနိုင်ကာ ဂျူဗင်တပ်စ်အသင်းကိုလည်း အီတလီစီးရီးအေအမှတ်ပေးချန်ပီယံဆု ရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

အသက္ (၁၀) ႏွစ္အရြယ္ ေရာဂါသည္ကေလးငယ္ရဲ႕ အိမ္မက္ကုိ အမွန္တကယ္ ျဖည့္ဆည္းေပးလုိက္သည့္ ေရာ္နယ္ဒုိ။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္္မွဴးျဖစ္သူ ေရာ္နယ္ဒုိသည္ ဦးေႏွာက္အက်ိတ္ေဝဒနာကုိ ခံစားေနရသည့္ အသက္ (၁၀) ႏွစ္အရြယ္ Joseph ရဲ႕ အိမ္မက္မ်ား အမွန္တကယ္ျဖစ္လာေအာင္ ျဖည့္ဆည္းေပးခ့ဲတယ္လုိ႔ သိရွိရပါတယ္။ (၂၀၁၃) ခုႏွစ္တည္းက အဆုိပါေရာဂါေဝဒနာဆုိးႀကီးကို ခံစားခ့ဲရသည့္ Joseph သည္  ေရာ္နယ္ဒုိကို အလြန္အမင္း ႏွစ္သက္အားေပးလာခ့ဲသည့္ ပရိသတ္တစ္ဦးလည္းျဖစ္ၿပီး လက္ရွိအခ်ိန္၌မူ အဆုိပါ ကေလးငယ္သည္ တူရင္ၿမိဳ႕ရွိ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္း၌ သူ႔ဘဝရဲ႕ စံျပပုဂၢိဳလ္ျဖစ္သည့္ ေရာ္နယ္ဒိုနဲ႔ ေတြ႔ဆံုခြင့္ရရွိခ့ဲၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

အဆုိပါ အစီအစဥ္ကို Rays of Sunshine ဟုအမည္ရသည့္ ကေလးသူငယ္မ်ားဆုိင္ရာ ပရဟိတအဖြဲ႕အစည္းနဲ႔ အဆုိပါ အဖြဲ႕အစည္းကုိ ေထာက္ပံ့ေနသူမ်ားက စီစဥ္ေဆာင္ရြက္ေပးခ့ဲၾကျခင္းျဖစ္ၿပီး အဂၤလန္ႏုိင္ငံ၊ ဘရစၥတိုးလ္ၿမို႕၌ ေနထုိင္သည့္ Joseph နဲ႔ သူ႔ရဲ႕ မိသားစုဝင္မ်ားသည္ အီတလီႏုိင္ငံသို႔သြားေရာက္ကာ   ေရာ္နယ္ဒိုနဲ႔ သြားေရာက္ေတြ႔ဆံုခြင့္ရရွိခ့ဲျခင္းျဖစ္ပါတယ္။

မိခင္ျဖစ္သူ Kelly ကလည္း “ဝုိး၊ ဒီလုိျဖစ္လာေအာင္ လုပ္ေဆာင္ေပးခ့ဲၾကတ့ဲ ရွင္တုိ႔အားလံုးကို လံုေလာက္တ့ဲ  ေက်းဇူးတင္စကား ေျပာဖို႔ မျဖစ္ႏုိင္ပါဘူး။ ဒီအေတြ႔အႀကံဳအားလံုးက အံ့အားသင့္စရာေတြနဲ႔ ျပည့္ႏွက္ေနခ့ဲၿပီး Joseph ကလည္း အရမ္းကို ေပ်ာ္ရႊင္ေနခ့ဲပါတယ္။ ေရာ္နယ္ဒုိတစ္ေယာက္ သူ႔ေရွ႕ေရာက္မလာခင္အခ်ိန္အထိ  ေရာ္နယ္ဒိုနဲ႔ေတြ႔ရမယ္ဆုိတာကို သူမသိခ့ဲပါဘူး။ ေရာ္နယ္ဒုိကလည္း ကြ်န္မတုိ႔နဲ႔အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဓာတ္ပုံရုိက္ခ့ဲၿပီး လက္မွတ္ေတြလည္း ထိုးေပးခ့ဲပါတယ္။” ဟု ဝမ္းေျမာက္ဝမ္းသာျဖင့္ ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။ ေရာ္နယ္ဒုိသည္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ပထမဆံုး ေဘာလံုးရာသီကုိ ျဖတ္သန္းေနခ့ဲသည့္ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစံု (၄၂) ပြဲကစား (၂၈) ဂုိးသြင္းယူထားႏုိင္ကာ ဂ်ဴဗင္တပ္စ္အသင္းကုိလည္း အီတလီစီးရီးေအအမွတ္ေပးခ်န္ပီယံဆု ရရွိေအာင္ အေကာင္းဆံုး စြမ္းေဆာင္ေပးထားႏုိင္သည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&share

- Advertisement -

Must Read