HomeEntertainmentJames Bond မင်းသားရဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြောင့် မသေချာမရေရာဖြစ်နေသည့် James Bond ဇာတ်ကားသစ်။

James Bond မင်းသားရဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြောင့် မသေချာမရေရာဖြစ်နေသည့် James Bond ဇာတ်ကားသစ်။

- Advertisement -

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် အသက် (၅၁) နှစ်အရွယ် Daniel Craig သည် ဂျမေကာနိုင်ငံ၌ ရုပ်ရှင်ရိုက်ကူးရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည့်အတွက် James Bond ဇာတ်ကားသစ်အတွက် စီစဉ်ထားသည့် ရိုက်ကူးရေးအစီအစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါတယ်။ 007 မင်းသားတစ်ဦးအဖြစ် နာမည်ကြီးသည့် Daniel Craig သည် အက်ရှင်နဲ့စတန့်ပါဝင်သည့် ဇာတ်ဝင်ခန်းအများအပြားကိုလည်း ကိုယ်တိုင်ဝင်ရောက်ရိုက်ကူးလေ့ရှိပြီး လက်ရှိအချိန်၌မူ ယခုကဲ့သို့ပင် ဂျမေကာနိုင်ငံရှိ ရိုက်ကွင်းတစ်ခု၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

အဆိုပါ ဒဏ်ရာရရချင်း၌ပင် Craig သည် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပြီး ဒဏ်ရာကို ဓာတ်မှန်ရိုက်ကူးခဲ့ကြောင်း သိရှိရပါတယ်။ The Sun ရဲ့ သတင်းအရင်းအမြစ်တစ်ခုအရ Craig အနေနဲ့နောက်ဆုံး ဇာတ်ဝင်ခန်းရိုက်ကူးရာ၌ ခြေချော်သွားခဲ့ပြီး ဟန်ချက်ပျက်လဲကျခဲ့ခြင်းဖြစ်ပြီး အတွင်းလူတစ်ဦးကလည်း “Craig က တော်တော်လေး နာကျင်သွားတဲ့ပုံပေါ်ပြီး သူ့ရဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ပြီး ဒီဖြစ်ရပ်အတွက်လည်း သူကဒေါသတွေထွက်ခဲ့ပြီး သူ့ရဲ့ ဂျက်ကက်ကို မြေကြီးပေါ်ပစ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူက ဂျမေကာကနေ အမေရိကကို ပြန်လာပြီး အထူးကုဆရာဝန်နဲ့ ပြသပြီးပါပြီ။”  ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။

- Advertisement -

Craig သည် (၂၀၀၅) ခုနှစ်ကလည်း Casino Royale ဇာတ်ကား၌ စတန့်ပြကွက်အတွက် ပါဝင်သရုပ်ဆောင်ရင်း သွားနှစ်ချောင်းကျိုးခဲ့ဖူးပြီး Quantum of Solace ဇာတ်ကား၌လည်း ပခုံးအရွတ်စုတ်ပြဲခြင်း၊ နံရိုးကျိုးခြင်း အစရှိသည့် ဒဏ်ရာများ ရရှိခဲ့ဖူးကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read