HomeLifeStyle၃၃ နှစ်ကျော်ကြာပြီးနောက်မှ မိဘတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အမျိုးသားတစ်ယောက်ရဲ့အဖြစ်။

၃၃ နှစ်ကျော်ကြာပြီးနောက်မှ မိဘတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အမျိုးသားတစ်ယောက်ရဲ့အဖြစ်။

- Advertisement -

Steve Hydes လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ လေဆိပ်ရှိ သန့်စင်ခန်းထဲတွင် စွန့်ပစ်ခံခဲ့ရပြီး ဆယ်စုနှစ် (၃) ခုကျော်အကြာမှ မိဘတွေနဲ့ ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။

Steve ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က Gatwick လေဆိပ်မှာ စွန့်ပစ်ခံရပြီးနောက် သူ့ရဲ့ မိဘတွေကို DNA စစ်ဆေးမှုအကူအညီနဲ့ လိုက်လံရှာဖွေခဲ့ပါတယ်။ သူဟာ ၁၉၈၆ ခုနှစ်တုန်းက လေဆိပ်ထဲရှိ အမျိုးသမီးသန့်စင်ခန်းအတွင်း စွန့်ပစ်ခံခဲ့ရပြီး ထိုအချိန်က Steve ဟာ (၁၀) ရက်သားအရွယ်သာ ရှိပါသေးတယ်။

- Advertisement -

Steve တစ်ယောက် သူ့မိဘတွေကို ရှာဖွေဖို့ ၁၅ နှစ်ကြာ အချိန်ကုန်ခဲ့ပြီး နောက်ဆုံးမှာတော့ DNA စစ်ဆေးမှုအကူအညီနဲ့ မိဘတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပြန်လည်တွေ့ရှိတဲ့အခါမှာတော့ မိခင်ဖြစ်သူမှာ ဆုံးပါးသွားပြီဖြစ်ကာ ဖခင်မှာ သက်ရှိထင်ရှား ရှိပါသေးတယ်။ သူ့အဖေနဲ့ အဆက်အသွယ် ပြုလုပ်ပြီးနောက်မှာတော့ Steve တစ်ယောက် သူ့ဆီမှာ ညီအစ်ကို မောင်နှမတွေရှိတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။

- Advertisement -

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Steve မှ “ ၁၅ နှစ်ကျော်ကြာပြီးမှ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ မိဘတွေကို သိရှိရတာ သတင်းကောင်းပါပဲ။ နောက်ပြီးတော့လည်း DNA အကူအညီနဲ့ ကျွန်တော့်မိဘတွေကို ရှာဖွေရာမှာ အားပေးထောက်ပ့ံပေးခဲ့တဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ Cece Moore နဲ့ Helen riding တို့ကိုလည်း အလွန်ပဲ ကျေးဇူးတင်ပါတယ်. . . ” ဆိုပြီး သူ့ရဲ့ Facebook အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

 

၃၃ ႏွစ္ေက်ာ္ၾကာၿပီးေနာက္မွ မိဘေတြနဲ႕ ျပန္လည္ေတြ႕ဆုံခ့ဲရတ့ဲ အမ်ိဳးသားတစ္ေယာက္ရဲ႕အျဖစ္။

Steve Hydes လို႕ အမည္ရတ့ဲ အမ်ိဳးသားတစ္ေယာက္ဟာ ေလဆိပ္ရွိ သန္႕စင္ခန္းထဲတြင္ စြန္႕ပစ္ခံခ့ဲရၿပီး ဆယ္စုႏွစ္ (၃) ခုေက်ာ္အၾကာမွ မိဘေတြနဲ႕ ျပန္လည္ေတြ႕ဆုံဖို႕ အေၾကာင္းဖန္လာပါေတာ့တယ္။

Steve ဟာ လြန္ခ့ဲတ့ဲ ႏွစ္ေပါင္း ၃၀ ေက်ာ္က Gatwick ေလဆိပ္မွာ စြန္႕ပစ္ခံရၿပီးေနာက္ သူ႕ရဲ႕ မိဘေတြကို DNA စစ္ေဆးမႈအကူအညီနဲ႕ လိုက္လံရွာေဖြခ့ဲပါတယ္။ သူဟာ ၁၉၈၆ ခုႏွစ္တုန္းက ေလဆိပ္ထဲရွိ အမ်ိဳးသမီးသန္႕စင္ခန္းအတြင္း စြန္႕ပစ္ခံခ့ဲရၿပီး ထိုအခ်ိန္က Steve ဟာ (၁၀) ရက္သားအရြယ္သာ ရွိပါေသးတယ္။

Steve တစ္ေယာက္ သူ႕မိဘေတြကို ရွာေဖြဖို႕ ၁၅ ႏွစ္ၾကာ အခ်ိန္ကုန္ခ့ဲၿပီး ေနာက္ဆုံးမွာေတာ့ DNA စစ္ေဆးမႈအကူအညီနဲ႕ မိဘေတြကို ရွာေဖြေတြ႕ရွိခ့ဲပါတယ္။ ျပန္လည္ေတြ႕ရွိတ့ဲအခါမွာေတာ့ မိခင္ျဖစ္သူမွာ ဆုံးပါးသြားၿပီျဖစ္ကာ ဖခင္မွာ သက္ရွိထင္ရွား ရွိပါေသးတယ္။ သူ႕အေဖနဲ႕ အဆက္အသြယ္  ျပဳလုပ္ၿပီးေနာက္မွာေတာ့ Steve တစ္ေယာက္ သူ႕ဆီမွာ ညီအစ္ကို ေမာင္ႏွမေတြရွိတယ္ဆိုတာကို သိရွိခ့ဲရပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ Steve မွ “ ၁၅ ႏွစ္ေက်ာ္ၾကာၿပီးမွ ကၽြန္ေတာ့္ကို ေမြးဖြားခ့ဲတ့ဲ မိဘေတြကို သိရွိရတာ သတင္းေကာင္းပါပဲ။ ေနာက္ၿပီးေတာ့လည္း DNA အကူအညီနဲ႕ ကၽြန္ေတာ့္မိဘေတြကို ရွာေဖြရာမွာ အားေပးေထာက္ပ့ံေပးခ့ဲတ့ဲ မ်ိဳးရိုးဗီဇဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြျဖစ္တ့ဲ Cece Moore နဲ႕ Helen riding တို႕ကိုလည္း အလြန္ပဲ ေက်းဇူးတင္ပါတယ္. . . ” ဆိုၿပီး သူ႕ရဲ႕ Facebook အေကာင့္မွာ ေရးသားေဖာ္ျပခ့ဲပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read