HomeSportပေါ့ဘာနဲ့ဆန်းချက်ဇ်တို့က ယူနိုက်တက်အသင်းကို ဘယ်လိုမျိုးပြဿနာတွေဖြစ်စေခဲ့လဲ ???

ပေါ့ဘာနဲ့ဆန်းချက်ဇ်တို့က ယူနိုက်တက်အသင်းကို ဘယ်လိုမျိုးပြဿနာတွေဖြစ်စေခဲ့လဲ ???

- Advertisement -

ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ကစားသမားနှစ်ယောက်ဖြစ်သည့် ဆန်းချက်ဇ်နဲ့ပေါ့ဘာတို့ရဲ့ အပိုဆုကြေးငွေများက ယူနိုက်တက်အသင်းရဲ့ ကစားသမားများအချင်းချင်းကြား၌ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါတယ်။ လာမည့် နွေရာသီ အပြောင်းအရွှေ့၌ အသင်းက ထွက်ခွာရန် သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည့် ဆန်းချက်ဇ်သည် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားသည့် ပွဲတစ်ပွဲတွင် သွင်းဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် အပိုဆုကြေး ပေါင် (၇၅,၀၀၀) ရရှိနေပြီး ဂိုးဖန်တီးမှု တစ်ကြိမ်စီအတွက် ပေါင် (၂၅,၀၀၀) ရရှိလျက်ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ပေါ့ဘာသည်လည်း သွင်းဂိုးတစ်ဂိုးအတွက် ပေါင် (၅၀,၀၀၀) အထိရရှိနေပြီး ဂိုးဖန်တီးမှု တစ်ကြိမ်အတွက်လည်း ပေါင် (၂၀,၀၀၀) အထိ အပိုဆုကြေးများအဖြစ် ရရှိနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ယခုကဲ့သို့ အဆိုပါ ကစားသမားနှစ်ယောက်နဲ့ ကျန်ကစားသမားများအကြား အပိုဆုကြေး ရရှိမှု ကွာခြားနေခြင်းက အသင်းရဲ့ ကစားသမားတွေကြား စိတ်ဝမ်းကွဲမှုကို ဖြစ်စေကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

- Advertisement -

ယခုနှစ် ဘောလုံးရာသီအစက လက်စတာအသင်းနဲ့ ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌  ပေါ့ဘာနဲ့ဆန်းချက်ဇ်တို့ နှစ်ဦးသည် ပွဲချိန်အတွင်း ရရှိခဲ့သည့် ပင်နယ်တီကို ကန်သွင်းရန် အငြင်းပွားမှုများ ရှိခဲ့ပြီး အဆိုပါဖြစ်ရပ်မှာ ယခုကဲ့သို့ ကစားသမားနှစ်ယောက်ရဲ့ အပိုဆုကြေးများနဲ့ ပတ်သက်ဆက်စပ်နေခြင်းကြောင့်ဖြစ်ကြောင်း သတင်းများက အခိုင်အမာဆိုခဲ့ကြပါတယ်။ အခြားသော သတင်းတစ်ရပ်ကလည်း “အဓိက ပြဿနာက ကစားသမားတွေရဲ့ အပိုဆုကြေးနဲ့ ပတ်သက်လို့ ခံစားခွင့်တွေကြောင့်ဖြစ်ပြီး အဲ့ဒါတွေက ကစားသမားတွေကြား မလိုမုန်းထားမှုတွေဖြစ်စေပါတယ်။  နောက်ဆက်တွဲအကျိုးဆက်အရတော့ အသင်းလိုက်စိတ်ဓာတ်ကို ပျက်စီးစေခဲ့ပါတယ်။” ဟု ဖော်ပြခဲ့ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာသည် လက်ရှိအချိန်၌ ဆန်းချက်ရရှိနေသည့် တစ်ပတ်လုပ်ခပေါင် (၅) သိန်းပတ်ဝန်းကျင်ကို တောင်းဆိုရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး တောင်းဆိုသည့် လစာပမာဏအတိုင်းမရရှိပါက ရီးရဲယ်မက်ဒရစ်အသင်းကို  ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ယူနို်က်တက်အသင်းတာဝန်ရှိသူတွေကလည်း ဆန်းချက်ဇ်ကို  ရောင်းချရန် ပြင်ဆင်ထားပြီးဖြစ်ပြီး အသင်းရဲ့ လစာငွေနှုန်းထားကို ထိန်းချုပ်သွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read