HomeEntertainmentပရိသတ်များရဲ့ ဝေဖန်ခြင်းကို ခံနေရသည့် Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းအသစ်။

ပရိသတ်များရဲ့ ဝေဖန်ခြင်းကို ခံနေရသည့် Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းအသစ်။

- Advertisement -

နာမည်ကျော်အဆိုတော် နှစ်ယောက်ဖြစ်တဲ့ Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းအသစ်ဖြစ်သည့် “I Don’t Care” သည် ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်က Cheryl Cole ရဲ့ သီချင်းအတိုင်း ကူးချထားကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိနေပါတယ်။ အဆိုပါ သီချင်းနှစ်ပုဒ်သည် နာမည်တူရုံသာမက Chorus ပိုဒ်သည်လည်း တစ်ထပ်တည်းနီးပါးကျနေရာ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်များက ဝေဖန်လျက်ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက တွစ်တာစာမျက်နှာမှတစ်ဆင့် “ဒီသီချင်းနှစ်ပုဒ်က ခေါင်းစဉ်တူတယ်ဆိုတာကို ကျွန်တော်သိခဲ့ပေမယ့် အထဲက သီချင်းစာသားကပါ Cheryl ရဲ့ သီချင်းနဲ့ သွားတူနေတာလား။” ဟု မေးခွန်းထုတ်ဝေဖန်ခဲ့သလို အခြားသော ပရိသတ်တစ်ဦးကလည်း “Ed Sheeran တစ်ယောက် ဘာတွေဖြစ်သွားတာလဲ။ Chorous ပိုဒ်က Cheryl ရဲ့ I don’t Care သီချင်းနဲ့ သွားတူနေတာလား။” ဟု ရေးသားဝေဖန်ခဲ့ပြီး အခြားသော ပရိသတ်များကလည်း Cheryl အနေနဲ့ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်သင့်ကြောင်း ဝိုင်းဝန်းတိုက်တွန်းခဲ့ကြပါတယ်။

 

- Advertisement -

Sheeran နဲ့ Justin တို့နှစ်ဦးရဲ့ ပေါင်းစပ်ဖန်တီးမှုသည် ယခုတစ်ကြိမ်နဲ့ဆိုလျှင် (၃) ကြိမ်မြောက်ဖြစ်ပြီး Justin ရဲ့ Love Yourself သီချင်းနဲ့ Major Lazer ရဲ့ Cold Water တို့ သီချင်းတို့၌လည်း အတူတကွ လက်တွဲကာ ပူးပေါင်းဖန်တီးမှုများ ပြုလုပ်ခဲ့ကြပါသေးတယ်။ Sheeran သည် သူ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်သည့် Thinking Out Loud သီချင်း၌လည်း Marvin Gaye ရဲ့ Let’s Get It On နဲ့ ထပ်တူညီနေခဲ့ခြင်းကြောင့် အမှုရင်ဆိုင်နေရပြီး တရားသူကြီးများက အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ယခုနှစ် နှောင်းပိုင်း၌ ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ပါတယ်။ Sheeran က သူ့အနေနဲ့ Marvin Gaye ရဲ့ သီချင်းကို ကူးချခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ပေမယ့် သီချင်းရေးဆရာဖြစ်သည့် Thomas နဲ့ Martin Harrington တို့ နှစ်ဦးကိုမူ Amazing သီချင်း ရိုက်ကူးမှုနဲ့ပတ်သက်၍ လျော်ကြေး ဒေါ်လာသန်း (၂၀) ပေးချေခဲ့ရကြောင်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × one =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...