HomeSportလာမည့်ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်များကို ပြောပြသွားခဲ့သည့် ဆိုးလ်ရှား။

လာမည့်ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်များကို ပြောပြသွားခဲ့သည့် ဆိုးလ်ရှား။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက လာမည့် ဘောလုံးရာသီ၌ ယူနိုက်တက်အသင်း အဓိကပစ်မှတ်ထားရမည့် ဆုဖလားများနဲ့ ရည်မှန်းချက်များကို ဖွင့်ဟပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် တန်းဆင်းပြီးသား ကာဒစ်ဖ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပေမယ့် နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သည့်အပြင် အဆင့် (၆) နေရာဖြင့်သာ ရာသီသိမ်းခဲ့ခြင်းကြောင့် လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

အဆိုပါပွဲအပြီး၌ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ရဲ့ ကစားပုံက ဆိုးရွားခဲ့ပြီး ရာသီအဆုံးသတ်မှာ အခက်အခဲက အနည်းနဲ့အများ ကြုံတွေ့ခဲ့ရတာကြောင့် တကယ်ကို စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့က ထိပ်သီးလေးသင်းမဝင်ခဲ့ဘဲ အထူးသဖြင့် နောက်ဆုံး နှစ်ပွဲမှာ တန်းဆင်းပြီးသား အသင်းနှစ်သင်းကို အနိုင်ကစားနိုင်ခဲ့သင့်ပါတယ်။ ဒီပြိုင်ပွဲက ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး ရှည်လျားတဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့က ပုံမှန်အောက် စွမ်းဆောင်ရည်ကိုသာ ပြသခဲ့ကြပါတယ်။”

“ကျွန်တော်တို့ လိုချင်တဲ့နေရာကို ရောက်ဖို့ အများကြီး ကျန်ခဲ့ပြီး မန်စီးတီးနဲ့လီဗာပူးတို့ စွမ်းဆောင်ခဲ့ကြတဲ့ (၉၈) မှတ် (၉၇) မှတ်တို့ဆိုတာက တကယ်ကို ကောင်းမွန်တဲ့ရမှတ်တွေပါ။ ကျွန်တော်တို့က အဆင့် (၃) (၄) (၅) နေရာက အသင်းတွေနဲ့တောင် (၅) မှတ် (၆) မှတ်လောက်ကွာနေပြီး လာမယ့် ရာသီမှာ အဲ့ဒီနေရာက သုံးသင်းကို စိန်ခေါ်ဖို့ကပဲ အဓိက အရေးကြီးပါတယ်။ ကစားသမားတွေအတွက်လည်း ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပြီး ကစားသမားကောင်းတွေကလည်း ရာသီပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ နာကျင်ခဲ့ရပါတယ်။”

“ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ အချိန်တိုအတွင်းမှာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့က ထိပ်ပိုင်းကအသင်းတွေနဲ့ (၃၂) မှတ်လောက် ပြတ်ကျန်ခဲ့တာဖြစ်ပြီး လက်တွေ့မှာတော့ ထိပ်သီးလေးသင်းဝင်ဖို့နဲ့ အခြားဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ပဲ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့အသင်း ယူရိုပါလိဂ်ကို မော်ရင်ဟိုနဲ့ ကန်ခဲ့တုန်းက လက်ရှိကစားသမားအများစုနဲ့ ဖြစ်ပြီး ကျွန်တော်တို့ ဒီဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် လာမယ့် ရာသီတွေမှာ ယူရိုပါလိဂ်ဖလားအပါအဝင် FA ဖလား၊ ကာရာဘောင်ဖလားပြိုင်ပွဲတွေမှာပဲ ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားရမှာပါ။” ဟု ဖွင့်ဟပြောကြားမှုများ  ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 − two =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...