HomeSportပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှ ပြောစမှတ်တွင်ခဲ့သည့် အချက် (၅) ချက်။

ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှ ပြောစမှတ်တွင်ခဲ့သည့် အချက် (၅) ချက်။

- Advertisement -

(၂၀၁၈-၁၉) ခုနှစ် ဘောလုံးရာသီ ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ရာသီကုန်ဆုံးချိန်၌ မန်စီးတီးအသင်းက လီဗာပူးအသင်းထက် တစ်မှတ်အသာဖြစ်သည့် ရမှတ် (၈) မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့သည့် ရာသီက သူတို့ရဲ့ လက်ရှိချန်ပီယံဆိုသည့် ဂုဏ်ပုဒ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ရာသီပိတ်နောက်ဆုံးပွဲစဉ်များကို တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းအနေနဲ့ အိမ်ကွင်း၌ ဝုလ်ဗ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်း၌ ၁-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီပိတ်နောက်ဆုံးပွဲစဉ်များမှ  ပြောစမှတ်ဖြစ်ရာ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရပ်တန့်၍ မရခဲ့သည့် မန်စီးတီး။

- Advertisement -

မန်စီးတီးအသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့သည့် လိဂ်ပွဲ (၁၄) ပွဲဆက်တိုက်ကို အနိုင်ရရှိခဲ့ပြီး အမှားအယွင်းမရှိဘဲ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့် ရာသီက ရရှိခဲ့သည့် ရမှတ် (၁၀၀) ကို မမှီခဲ့သည့်တိုင်အောင် မန်စီးတီးအသင်းအနေနဲ့ နောက်ဆုံး ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နောက်ဆုံး ဘောလုံးရာသီ (၂) ခု၌ စုစုပေါင်း ရမှတ် (၁၉၈) မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

- Advertisement -

၂။ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည့် လီဗာပူး။

- Advertisement -

ရမှတ် (၉၇) မှတ် နဲ့ လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့သည့်တိုင်အောင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှ အသင်းများ၌ ရမှတ်အများဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းအတွက် ဒီရာသီ ဆုဖလား မျှော်လင့်ချက်က ကုန်ဆုံးခြင်းမရှိသေးဘဲ လာမည့်ဇွန်လ (၁) ရက်နေ့၌ စပါးအသင်းနဲ့ ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ အနိုင်ရရှိခဲ့ပါက အသင်းရဲ့ ဖလားလက်မဲ့ကာလရှည်ကြာနေမှုကို အဆုံးသတ်နိုင်မည်လည်း ဖြစ်ပါတယ်။

၃။ ရုန်းကန်နေရဆဲဆိုးလ်ရှား။

ယာယီနည်းပြအဖြစ်မှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်းမှစတင်ကာ ဆိုးလ်ရှားနဲ့ ယူနိုက်တက်အသင်းတို့အနေနဲ့ အခက်အခဲအကြမ်းအတမ်းတွေကို ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲစုံ နိုင်ပွဲ (၂) ပွဲသာ ရှိခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ရာသီနောက်ဆုံးပွဲစဉ်နှစ်ပွဲအဖြစ် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ပြီးဖြစ်သည့် ဟက်ဒါဖီးလ်၊ ကာဒစ်ဖ်အသင်းတို့နဲ့ ကစားခဲ့သည့်ပွဲစဉ်များ၌လည်း နိုင်ပွဲများ ပျောက်ဆုံးခဲ့ပါတယ်။ အထူးသဖြင့် အိမ်ကွင်းအိုးထရက်ဖို့ဒ်ကွင်း၌ ရာသီနောက်ဆုံးပွဲအဖြစ် ကစားခဲ့သည့် ပွဲ၌ ကာဒစ်ဖ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းက ယူနိုက်တက်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာမည့်နွေရာသီ၌ ယူနိုက်တက်အသင်းကို ကြီးမားတဲ့ အပြောင်းအလဲများနဲ့ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

၎။ နယူးကာဆယ်အသင်းနဲ့ နောက်ဆုံးပွဲဖြစ်လာနိုင်သည့် ဘင်နီတက်ဇ်။

နယူးကာဆယ်အသင်းကလည်း ရာသီနောက်ဆုံးပွဲစဉ်အဖြစ် တန်းဆင်းပြီးဖြစ်သည့် ဖူလ်ဟမ်အသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ခဲ့ရပြီး လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အသင်းကိုတန်းဆင်းဇုန်အတွင်းမှ ဆွဲတင်နိုင်ခဲ့သည့် ဘင်နီတက်ဇ်သည် လာမည့် ရာသီ၌ အသင်းတွင် ဆက်ရှိနေရန် အနာဂတ်မသေချာဖြစ်နေပြီး အသင်းပိုင်ရှင်မိုက်အက်ရှ်လေနဲ့ ဘင်နီတက်ဇ်တို့ လာမည့် ရက်သတ္တပတ်၌  တွေ့ဆုံဆွေးနွေးပြီးမှသာ အဖြေထွက်နိုင်ဖွယ်ရှိနေပါတယ်။

၅။ အင်အားဖြည့်တင်းရန် လိုအပ်နေဆဲဖြစ်သည့် စပါးအသင်း။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားပြီးဖြစ်သည့် စပါးအသင်းသည် ပရီးမီးယားလိဂ်၌မူ နိုင်ပွဲပျောက်ဆုံးလျက်ရှိပြီး လာမည့်ရာသီ၌ အသင်းကို လူအင်အားထပ်မံဖြည့်တင်းရန် လိုအပ်နေကြောင်း အချက်ပြလျက်ရှိပါတယ်။ ကွင်းသစ်ကြီးတည်ဆောက်ထားခြင်းနဲ့အတူ နောက်ဆုံး အပြောင်းအရွှေ့ရာသီ နှစ်ခုဆက်တိုက် လူအင်အားဖြည့်တင်းခဲ့ခြင်းမရှိသည့် စပါးအသင်းအနေနဲ့ အဲဗာတန်အသင်းကိုလည်း ရာသီပိတ်ပွဲစဉ်၌ အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့သည့် လိဂ်ပွဲ (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read