HomeEntertainmentပိုပြီးကြောက်ဖို့ကောင်းတဲ့ အပြင်အဆင်တွေနဲ့ IT Chaper 2 Trailer ထွက်ရှိလာ။ (ရုပ် / သံ)

ပိုပြီးကြောက်ဖို့ကောင်းတဲ့ အပြင်အဆင်တွေနဲ့ IT Chaper 2 Trailer ထွက်ရှိလာ။ (ရုပ် / သံ)

- Advertisement -

IT Chapter – 2 ရဲ့ ပထမဦးဆုံး Trailer ထွက်ရှိလာပြီး အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ အလွန်ကြောက်ဖို့ကောင်းတယ်ဆိုတာ ကျိန်းသေပေါက်ပါပဲ။

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ ဝတ္ထုဟာ အလွန်အောင်မြင်မှုရရှိခဲ့ပြီး စာအုပ်ရောင်းချရာ၌သာမက ရုပ်ရှင်ရိုက်ကူးရာမှာပါ ဝင်ငွေအမြောက်အမြား ရရှိခဲ့ပါတယ်။

- Advertisement -

Chapter – 1  မှာတုန်းက ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးတွေဟာ Chapter – 2  ရောက်တဲ့အခါမှာတော့ ကြီးပြင်းလာခဲ့ကြပြီး James McAvoy က Bill အဖြစ်လည်းကောင်း၊ Jessica Chastain မှ Beverly အဖြစ်လည်းကောင်း၊ Bill Harder ကတော့ Richie Tozier အဖြစ် အသီးသီးသရုပ်ဆောင်ထားကြပါတယ်။

- Advertisement -

- Advertisement -

 

 

IT Chapter – 2 ထွက်လာဖို့ရှိတယ်ဆိုပြီး ဒါရိုက်တာ Andy Muschietti မှ အတည်ပြုပြီးနောက် ဒီတစ်ခေါက် Chapter – 2 မှာ Chapter – 1 ထက် ပိုပြီး ထိတ်လန့်တုန်လှုပ်စေရမယ်ဆိုပြီး ပရိသတ်တွေကို အမြည်းကျွေးသွားခဲ့ပါတယ်။ ဆက်လက်ပြီး အခု Chapter – 2 ကို ရိုက်ကူးဖို့အတွက်ကိုလည်း မူရင်း ဝတ္ထုရေးသားသူ၊ ထိတ်လန့်ဖွယ်ကောင်းတဲ့ စာအုပ်တွေကို ရေးသားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကောင်းမွန်သူဖြစ်တဲ့ Stephen King ရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်ပြီး Stephen မှလည်း Twitter စာမျက်နှာကနေတစ်ဆင့် ထောက်ခံအားပေးခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read