HomeEntertainmentDemi Lovato ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံများ။

Demi Lovato ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံများ။

- Advertisement -

သိပ်မကြာခင် ရက်ပိုင်းအချို့က Demi တစ်ယောက် ရေကူးဝတ်စုံနဲ့ ယုံကြည်မှုရှိရှိရှိ အမိုက်စားရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပါတယ်။ “ Cool For The Summer ” အဆိုတော် Demi ဟာ သူမခန္ဓာကိုယ် ကောက်ကြောင်းအလှအပကို အထင်းသား ပေါ်လွင်စေတဲ့ ရေကူးဝတ်စုံနဲ့ အလန်းစား ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး သူမအနေနဲ့လည်း လာမယ့်ရက်ပိုင်းအတွင်း ပို့စ်အသစ်တွေ ထပ်တင်သွားဖို့ရှိတဲ့အကြောင်းကိုလည်း ပရိသတ်တွေကို အရိတ်အမြွက်ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/BxVRUnJBF1F/

- Advertisement -

သူမရဲ့ ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ပို့စ်တင်ပြီး နာရီပိုင်းအကြာမှာ နောက်ထပ်ပို့စ်တစ်ခုကို အင်စတာဂရမ်မှာ ထပ်တင်ခဲ့ပါတယ်။ ဒါကတော့ သူမအနေနဲ့ ကမ္ဘာကျော် ပေါ့အဆိုတော်တွေဖြစ်တဲ့ Justin Bieber နဲ့ Ariana Grande တို့ရဲ့ မန်နေဂျာဖြစ်တဲ့ Scooter Braun နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတာကို တရားဝင်ထုတ်ပြန်ကြေငြာတဲ့ ပို့စ်တင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ထိုပို့စ်ရဲ့အောက်မှာတော့ JB ရဲ့ ဇနီးချောလေး Hailey မှ “ Yayyyyyy ” ဆိုပြီး ပျော်ရွှင်တဲ့ အီမိုဂျီတစ်ချို့နဲ့ Comment ပေးခဲ့ပါတယ်။

- Advertisement -

https://www.instagram.com/p/BxV1jzjhBZr/

- Advertisement -

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read