HomeEntertainmentGame of Thrones ဇာတ်လမ်းတွဲထဲမှာ မထင်မှတ်ဘဲ ပါဝင်လာခဲ့တဲ့ Starbucks ကော်ဖီအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ Sansa Stark ခေါ်...

Game of Thrones ဇာတ်လမ်းတွဲထဲမှာ မထင်မှတ်ဘဲ ပါဝင်လာခဲ့တဲ့ Starbucks ကော်ဖီအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ Sansa Stark ခေါ် Sophie turner

- Advertisement -

ပြီးခဲ့တဲ့အပတ်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ Game of Thrones အပိုင်းသစ်ထဲတွင် ဇာတ်ဝင်ခန်းတစ်ခုထဲ၌ Starbucks ကော်ဖီခွက်ကြီး ပါဝင်လာခဲ့တဲ့အပေါ် ပရိသတ်တွေက မီးမောင်းထိုး  ထောက်ပြခဲ့ပါတယ်။

Jimmy Fallon နဲ့ Sansa Stark အဖြစ် သရုပ်ဆောင်တဲ့ Sophie Turner တို့ရဲ့ အင်တာဗျူးတစ်ခုမှာ Sophie မှ ထိုကော်ဖီခွက်ကိစ္စနဲ့ပက်သက်ပြီး Daenerys Targaryen အဖြစ် သရုပ်ဆောင်တဲ့ Emilia Clarke အပေါ်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

- Advertisement -

- Advertisement -

နှစ်ပေါင်းမြောက်မြားစွာ ကြာသည့်တိုင် Game of Thrones ဟာ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းနိုင်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပုံစံအနေအထားဟာလည်း အလွန်တရာမှ အဆင့်အတန်း မြင့်မားခဲ့ပါတယ်။ ထိုကဲ့သို့ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကြီးဟာ အောင်မြင်မှုတွေ ရရှိခဲ့သလို ပြီးခဲ့တဲ့အပတ်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းမှာတော့ Starbucks ကော်ဖီခွက်လေး ပါလာခဲ့တဲ့အပေါ် ပရိသတ်တွေအကြား ပြောစရာတွေဖြစ်လာခဲ့ပါတယ်။

- Advertisement -

Game of Thrones Season – 8 ရဲ့ အပိုင်း (၃) မှာတော့ GoT ရဲ့ သရုပ်ဆောင်ဟီးရိုးတွေဟာ The Night King နဲ့ White Walkers တွေကို အနိုင်တိုက်နိုင်ခဲ့တဲ့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေစဉ်အတောအတွင်း  Daenerys အရှေ့ရှိ စားပွဲပေါ်မှာ  ကော်ဖီခွက်ကို  တွေ့ရှိခဲ့ရခြင်းပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ Jimmy Fallon ရဲ့ The Tonight Show အစီအစဉ်မှာ Sophie Turner အနေနဲ့ ထိုကော်ဖီခွက်ဟာ Emilia Clarke ရဲ့ ပေါ့ဆမှုကြောင့် ပါဝင်လာရခြင်းပဲဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read