HomeSportယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကာလအတွင်း ပထမဦးဆုံးခေါ်ယူမယ့် ကစားသမားက ဘယ်သူဖြစ်မလဲ ? ? ?

ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကာလအတွင်း ပထမဦးဆုံးခေါ်ယူမယ့် ကစားသမားက ဘယ်သူဖြစ်မလဲ ? ? ?

- Advertisement -

ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး Paulo Dybala ကို  ပြောင်းရွှေ့ကြေး ပေါင် (၇၄) သန်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတယ်ဆိုပြီး သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးရှားအနေနဲ့လည်း လာမယ့်အပြောင်းအရွှေ့ရာသီမှာ ယူနိုက်တက်အသင်းကို အပြောင်းအလဲအမြောက်အမြားပြုလုပ်ဖို့အတွက် ပြင်ဆင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

အသင်းရဲ့ အလယ်တန်းနဲ့ တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ မာတာနဲ့ အလက်စစ် ဆန်းချက်စ်တို့မှာလည်း  နောက်လအတွင်း အသင်းကနေ ထွက်ခွာဖို့အတွက် သေချာသလောက်ရှိနေပြီး ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက်ကို အရင်ဆုံးဦးစားပေး ရှာဖွေရမယ့် အနေအထားလည်းဖြစ်နေပါတယ်။

စပိန်သတင်းစာတစ်ခုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းမှလည်း Paulo Dybala ကို ရောင်းချဖို့အတွက် ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းအနေနဲ့ အဆိုပါ အာဂျင်တီးနားနိုင်ငံသားကို ခေါ်ယူဖို့ဆန္ဒရှိတယ်ဆိုရင် အလွန်ပင် နီးစပ်နိုင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်နိုင်ကြောင်းကိုလည်း  ဖော်ပြထားပါတယ်။

- Advertisement -

ပရီးမီးယားလီးဂ်ရဲ့ ထိပ်သီးကလပ်တွေဟာလည်း Paulo Dybala ကို  စောင့်ကြည့်လျက်ရှိပြီး  ပြောင်းရွှေ့ကြေးအနေနဲ့ဆိုရင် ပေါင်သန်း (1209၇၀) ကျော်လောက်က စတင်ခေါ်ယူနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ သို့သော်လည်း ဂျူဗင်တပ်စ်အသင်းအနေနဲ့ Paulo ရဲ့ ပြောင်းရွေ့ကြေးကို ဒီထက်မက  မျှော်မှန်းတယ်လို့လည်း အခြားသတင်းတွေရဲ့ အဆိုအရ သိရှိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ အာဂျင်တီးနားနိုင်ငံသား Paulo Dybala ကို အရင်အချိန်တွေတုန်းက စပိန်လာလီဂါ ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ အက်သလတီကို မက်ဒရစ်တို့မှ ခေါ်ယူဖို့ကြိုးစားခဲ့ဖူးကြပါတယ်။

- Advertisement -

 

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 8 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...