HomeEntertainmentသင့်စိတ်ကို အပြည့်အဝဆွဲဆောင်စေနိုင်မယ့် ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကောင်းများ။

သင့်စိတ်ကို အပြည့်အဝဆွဲဆောင်စေနိုင်မယ့် ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကောင်းများ။

- Advertisement -

အခုချိန်မှာတော့ ၂၀၁၉ ရဲ့ နှစ်ဝက်နီးပါးကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ သင်တို့အနေနဲ့လည်း ထွက်ရှိလာပြီးသော ဇာတ်လမ်းကောင်းအချို့ကို ကြည့်ရှုပြီးလောက်ပြီးဖြစ်သလို မကြည့်ရသေးတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ Admin အကြိုက်လည်းဖြစ်သလို ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်းတွေကိုပဲ  ရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

 

၁။      Velvet Buzzsaw (January 27)

- Advertisement -

- Advertisement -

ပန်းချီကို ရူးသွပ်ပြီး သေဆုံးသွားတဲ့ အနုပညာရှင်ရဲ့လက်ရာအချို့က လူတွေကိုခြောက်လန့်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်။

- Advertisement -

 

၂။      Captain Marvel (March 8)

မင်းသမီး Brie Larsson မှ အဓိကပါဝင် ရိုက်ကူးထားပြီး Jude Law, Samuel L. Jackson, Gemma Chan နဲ့ Annette Bening တို့မှ ပါဝင်အားဖြည့်ထားပါတယ်။ အမေရိကန် လေတပ်တပ်ဖွဲ့မှ Carol Danvers (1209Captain Marvel) မှာ Skrull တွေကို ဦးဆောင်ပြီးတိုက်ခိုက်ရသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

 

၃။      Us (March 15)

ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဇာတ်ကားအကောင်းစားကိုမှ ကြည့်ရှုချင်သူတွေအတွက် ဒီဇာတ်ကားကတော့ စိတ်ကျေနပ်မှုအပြည့်အဝ ပေးစွမ်းနိုင်မှာ ကျိန်းသေပါတယ်။

 

၎။      Avengers: Endgame (April 26)

ရုံတင်ပြသပြီး (၁၁) ရက်အကြာမှာပဲ ဝင်ငွေဒေါ်လာ ၂ ဘီလျံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ်လို့ အကြံပြုပါရစေ။

 

၅။      The Perfection (May 24)

လျှို့ဝှက်ချက်တွေ၊ လှည့်ကွက်တွေအပြည့်နဲ့ စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတဲ့ Netflix မှ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

၆။      Aladdin (May 24)

ကျွန်တော်တို့ကလေးဘဝက Aladdin ကာတွန်းဇာတ်ကားကို Disney မှ ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

 

၇။      Godzilla: King of the Monsters (May 31)

“ Godzilla တွေ မြို့ထဲကို ဝင်လာပြီ ” ဆိုပြီး ငယ်ငယ်တုန်းက ကျွန်တော်တို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့  အော်ဟစ်ကြည့်ရှုခဲ့ရတဲ့   ဇာတ်လမ်းမျိုးတွေဖြစ်တဲ့အတွက်ကြောင့် အခုဒီတစ်ခေါက်လည်း လက်မလွှတ်တမ်းကြည့်ရှုဖို့အတွက် တိုက်တွန်းလိုက်ပါတယ်နော်။

 

၈။      Dark Phoenix (June 7)

X-Men Apocalypse ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး Sophie Turner သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ဖြစ်တဲ့ Jean Grey အကြောင်း အဓိကရိုက်ကူးထားတဲ့ ၂၀၁၉ ခုနှစ်အတွင်း  စောင့်ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

 

၉။      Men in Black: International (June 14)

အက်ရှင်၊ ဟာသ၊ သိပ္ပံဆန်တဲ့ ဇာတ်ကားဖြစ်သလို Thor မင်းသားကြီး Liam Hemsworth မှ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသောကြောင့် ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမှာ ကျိန်းသေပါတယ်။

 

၁၀။    Spider-Man: Far From Home (July 5)

Avengers: Endgame ကြည့်ပြီးမှ ဒီကားကို ကြည့်ဖို့အတွက် တိုက်တွန်းပါရစေ။ Iron Man ကြောင့် ပူဆွေးသောကရောက်နေတဲ့ Peter တစ်ယောက် ဥရောပဖက်ကို အပန်းဖြေအနားယူဖို့ ထွက်ခွာရင်း S.H.I.E.L.D ရဲ့ သူဌေးဖြစ်တဲ့ Nick Fury ရဲ့ ထိန်းချုပ်တာခံရပြီးနောက် ဘယ်လိုအကြောင်းအရာတွေ ဆက်ဖြစ်လာမလဲဆိုတာ ရုံတင်တဲ့အခါမှပဲ ကြည့်ရှုအားပေးကြပါနော် . . .

 

၁၁။    The Lion King (July 19)

ငယ်ငယ်တုန်းက ကြည့်ရှုခဲ့ရတဲ့ Animation ကို Live-Action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းဖြစ်ပြီး Beyonce မှ Nala အဖြစ် သရုပ်ဆောင်ထားကာ Donald Glover မှ Simba အဖြစ် သရုပ်ဆောင်ထားပါတယ်။

 

၁၂။    Once Upon a Time in Hollywood (July 26)

မင်းသားကြီး Leonardo Dicaprio ၊ Brad Pitt နဲ့ Margot Robbie တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်း Manson မိသားစု လူသတ်မှုဖြစ်ခဲ့တဲ့ အချိန်အခါကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နံမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ပုံဖော်ထားတဲ့အတွက် ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ရကျိုးနပ်မယ်လို့လည်း ထင်ရပါတယ်။

 

၁၃။    It Chapter Two (September 6)

IT ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ မှတ်မိဦးမယ်ထင်ပါတယ်။ အခုလည်း ဆက်လက်ပြီး နောက်ဆက်တွဲဖြစ်တဲ့ IT Capter Two ကလည်း ဒီနှစ်ထဲမှာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

 

၁၄။    Frozen 2 (November 22)

ပရိသတ်တွေ အားပေးမှုအပြည့်အဝ ရရှိခဲ့တဲ့ Frozen Animation ဇာတ်ကားကောင်းဟာလည်း ဒီနှစ်ထဲမှာ နောက်ဆက်တွဲဇာတ်ကား ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read