HomeLifeStyleကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေကို Surprise လုပ်ခဲ့တဲ့ Chris Evans

ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေကို Surprise လုပ်ခဲ့တဲ့ Chris Evans

- Advertisement -

အသက် ၃၇နှစ်အရွယ် Chris Evans တစ်ယောက်  အနှစ် ၂၀ပြည့်  ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ဖို့အတွက် Massachusetts ပြည်နယ် Sudbury မြို့ကို သွားခဲ့ပါတယ်။ ဒီမြို့လေးဟာ Chris ရဲ့  မွေးရပ်မြေလည်း  ဖြစ်သလို Chris ကလည်း Lincoln-Sudbury အထက်တန်းကျောင်းဆင်းတစ်ယောက်  ဖြစ်ပါတယ်။

အဆိုပါ အနှစ်၂၀ပြည့် ကျောင်းသားဟောင်းတွေ့ဆုံပွဲကို Conrad’s စားသောက်ဆိုင်မှာ  ကျင်းပခဲ့တာဖြစ်ပြီိး  ဒီပွဲကို Chris က တီရှပ်အဖြူရောင်နဲ့အပေါ်ကနေ အနက်ရောင်   အနွေးထည်လက်ရှည်ကို ရိုးရှင်းစွာဝတ်ဆင်ပြီး တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။  စားသောက်ဆိုင်ရဲ့ပိုင်ရှင် Donna Scott က “စားသောက်ဆိုင်ထဲမှာရှိတဲ့  လူတော်တော်များများက သူ့ကိုမြင်တာနဲ့လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ပြီး သူ့နဲ့အတူတူ  ဓာတ်ပုံတွဲရိုက်ကြပါလေရောဗျာ။ ဓာတ်ပုံတွဲရိုက်တဲ့  လူတွေထဲမှာဆိုရင် ကျွန်တော့်ဆိုင်ဝန်ထမ်းတွေလည်းပါတာပေါ့ဗျာ။”  ဆိုပြီး ပြောပြခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာတော့ Apple TV+ အတွက် သီးသန့်ထုတ်လွှင့်မယ့်  “Defending Jacob” ဆိုတဲ့ ဇာတ်ကားမှာ ရှေ့နေ Andy Barber အဖြစ် ပါဝင်သရုပ်ဆောင်  ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို အခြေခံထားပြီး ဇာတ်လမ်းပါ အကြောင်းအရာကတော့ ရှေ့နေ Andy Barber (1209Chris Evan) ရဲ့ အသက် ၁၄နှစ်အရွယ်သားလေးဟာ အတန်းဖော်တစ်ယောက်ကို  သတ်တယ်ဆိုပြီး တရားစွဲခံရရာကနေ ဖခင်တစ်ယောက်အနေနဲ့ရော  ရှေ့နေတစ်ယောက်အနေနဲ့ပါ  အမှုရဲ့အမှန်တရားကို ကြိုးစားရှာဖွေတာပဲဖြစ်ပါတယ်။

Chris Evans ပါဝင် သရုပ်ဆောင်ထားတဲ့ “Avengers: Endgame” ဇာတ်ကားကြီးဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသပြီးနောက် အမြတ်ငွေ  ၂ဘီလီယံကျော်တောင် ရရှိထားပြီးဖြစ်ပါတယ်။

- Advertisement -

 

#SY(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + five =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...