HomeEntertainmentဇနီးဟောင်း Jennifer Aniston နဲ့ ပြန်တွဲနေတာလားဆိုတဲ့ မေးခွန်းများအပေါ် Brad Pitt ရဲ့ တုံပြန်မှု။

ဇနီးဟောင်း Jennifer Aniston နဲ့ ပြန်တွဲနေတာလားဆိုတဲ့ မေးခွန်းများအပေါ် Brad Pitt ရဲ့ တုံပြန်မှု။

- Advertisement -

Brad Pitt နဲ့ Jennifer Aniston တို့ဟာ ၂၀၀၀ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး ၂၀၀၅ ခုနှစ်မှာ တရားဝင်   ကွာရှင်းပြတ်စဲခဲ့ကြတာပဲဖြစ်ပါတယ်။

“Once Upon A Time in Hollywood” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Brad Pitt က သတင်းထောက်တစ်ယောက်ရဲ့ “Brad Pitt က ဇနီးဟောင်း Jennifer Aniston နဲ့ ပြန်လည်ပေါင်းဖက်နေပြီလားဆိုတာကို  လူတိုင်းသိချင်နေကြတယ်။ တကယ်ပဲလား?”   ဆိုတဲ့  မေးခွန်းကို  “Oh! My God…” ဆိုတဲ့ အာမေဍိတ် ကို ရယ်မောရင်းပြောခဲ့ပါတယ်။ သို့သော်လည်း သတင်းထောက်ရဲ့မေးခွန်းကို  ဖြေကြားသွားခြင်းမရှိပါဘူး။  လူတွေက Brad နဲ့ Jennifer တို့ နှစ်ဦး ချစ်ဇာတ်လမ်းတွေ ပြန်စနေပြီလားဆိုတဲ့ သံသရာဝင်ရခြင်းအကြောင်းအရင်းက သက်သက်ရှိပါတယ်။  လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက လော့အိန်ဂျလိစ် Sunset Tower ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Jennifer ရဲ့ အသက် ၅၀ပြည့် မွေးနေ့ကို Brad က တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။  သူတို့နှစ်ဦး စကားပြောဆက်ဆံပုံတွေကို  တွေ့ရတဲ့သူတွေကတော့ သူတို့နှစ်ဦးဟာ  ယခင်ပတ်သက်ဖူးတဲ့  သံယောဇဉ်တွေကြောင့်  ပြောဆိုဆက်ဆံပုံတွေကလည်း  နွေးထွေးနေသလိုပဲ လို့ PEOPLE မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

အနုပညာရှင်တွေဟာလည်း သာမန်လူတွေပဲဖြစ်တာမို့ သူတို့ရဲ့မွေးနေ့ပွဲကို အရေးပါတဲ့ သူတွေကိုပဲ ဖိတ်ခေါ်ကြတာပဲဖြစ်ပါတယ်။  ဒါကြောင့်လည်း Jennifer ရဲ့ မွေးနေ့ပွဲမှာ သူမရဲ့ခင်ပွန်းဟောင်း Brad ကို တွေ့ခဲ့ရတာဟာ မထူးဆန်းပါဘူး။

- Advertisement -

သို့သော် ယခုချိန်မှာ  Brad Pitt ဟာလည်း Angelina Jolie နဲ့ ကွာရှင်းပြတ်စဲထားတဲ့အတွက် တစ်ကိုယ်တော်ဖြစ်နေပြီး Jennifer Aniston ကလည်း Justin Theroux နဲ့ ကွာရှင်းပြတ်စဲထားပြီး နှစ်ယောက်လုံး တစ်ကိုယ်တည်းတွေ  ဖြစ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ Brad နဲ့ Jennifer တို့ ကွာဝေးနေတာ  ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်ပြီး အသက်တွေလည်း ကြီးလာကြပြီမို့  သူတို့ရဲ့ပုံစံတွေလည်း  ပြောင်းလဲနေလောက်ပါပြီ။

- Advertisement -

Jennifer ကလည်း “လူတွေမှာ ဘဝလက်တွဲဖော်ဆိုတာ  တစ်ယောက်မက  ရှိနိုင်ပါတယ်။ အခုအချိန်မှာလည်း ကျွန်မရဲ့အလုပ်တွေနဲ့တောင် မအားလပ်တာမို့  ဘဝလက်တွဲဖော်ကို ထပ်ပြီးရှာမနေတော့ပါဘူး။ ဒီလိုပြောလိုက်လို့  ကျွန်မက အချစ်ကိုလုံးဝမရှာတော့ဘူးလို့မဟုတ်ပါဘူး။ ကျွန်မနှလုံးသားကို တစ်စုံတစ်ယောက်က  တံခါးလာခေါက်ခဲ့ရင်တော့  ကျွန်မက ကြိုဆိုမှာပါ။” လို့ အင်တာဗျူးတစ်ခုမှာ ဆိုခဲ့ပါသေးတယ်။

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...