HomeEntertainmentအကျဉ်းသား ၁၇ယောက်ကို အကျဉ်းထောင်မှ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ Kim Kardashian West

အကျဉ်းသား ၁၇ယောက်ကို အကျဉ်းထောင်မှ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ Kim Kardashian West

- Advertisement -

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ဟာ  ဆေးအရောင်းအဝယ်ကိစ္စကြောင့် တစ်သက်တာ  ထောင်ချခံထားရတဲ့   ထောင်သားတွေရဲ့အပြစ်တွေကိုလျော့ချပေးတဲ့ “First Step Act” ဆိုတဲ့ အစီအစဉ်တစ်ခုကျင်းပခဲ့ပါတယ်။ ရှေ့နေ Brittany K.Barnett နဲ့ MiAngel Cody တို့က ရက်၉၀အတွင်းအကျဉ်းသားတွေကို လွတ်မြောက်ခွင့်ပေးတဲ့ လှုပ်ရှားမှုအတွက် Kim Kardashian West က  ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“Buried Alive” အစီအစဉ်ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဖြစ်လဲ Kim ရဲ့ ကိုယ်ပိုင်ရှေ့နေလည်းဖြစ်တဲ့ Brittany K.Barnett က “အသက်ရှင်လျက်နဲ့ သေသူသဖွယ် ခံစားနေရသူတွေရဲ့ရင်ထဲကခံစားချက်တွေကို လူတွေကြားပြီး စာနာသနားလာဖို့အတွက် Kim က သူမရဲ့ကျော်ကြားမှုကို အသုံးပြုပြီး ဒီကိစ္စရပ်မှာ ပါဝင်ကူညီပေးခဲ့တာပါ။” လို့ပြောပြခဲ့ပါတယ်။

ယခင်နှစ်က သမ္မတအကြံပေးပုဂ္ဂိုလ်နဲ့ သမ္မတရဲ့သမက် Jared Kushner တို့ ဦးဆောင်ပြီး ရာဇဝတ်ကျူးလွန်သူတွေအတွက် တရားမျှတမှုဆိုင်ရာ ဥပဒေအသစ်ကို ပြန်လည်ရေးဆွဲဖို့ အိမ်ဖြူတော်မှာ  တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ရာ Kim Kardashian West က ထိုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး သမ္မတ Trump နဲ့ အဆိုပါကိစ္စတွေအကြောင်း  ဆွေးနွေးခဲ့တယ်ဆိုတာဟာ သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းသတင်း  ဖြစ်ခဲ့ပါသေးတယ်။ ထိုတွေ့ဆုံဆွေးနွေးမှုရဲ့ ရလဒ်အနေဖြင့် အသက် ၁၆ နှစ်အရွယ် Alice Johnson ဆိုသူဟာ မူးယစ်ဆေးအရောင်းအဝယ်ကိစ္စကြောင့် တစ်သက်တာ  ထောင်ဒဏ်ချမှတ်ခံရခြင်းကနေ လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

Kim Kardashian West က ၂၀၂၂ ခုနှစ်မှာ ရှေ့နေတစ်ဦးဖြစ်လာဖို့အတွက် ယခုအချိန်မှာလည်း တရားဥပဒေစာမေးပွဲကို ဖြေဆိုနိုင်ရန် တစ်ပတ်မှာ ၁၈နာရီခန့် ဥပဒေဆိုင်ရာပညာတွေလေ့လာနေတယ်လို့ ဆိုခဲ့ပါတယ်။

MiAngel Cody က “ကျွန်မနဲ့ Brittany တို့ ပူးပေါင်းပြီး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် “90 Days of Freedom” လို့အမည်ရတဲ့ လှုပ်ရှားမှုကို  ပြုလုပ်နေတဲ့အချိန်မှာပဲ Kim ကလည်း ကျွန်မတို့နဲ့အတူ လက်တွဲပြီး အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေဆိုင်ရာ အားနည်းချက်တွေကို ရှာဖွေပြီး လမ်းမှန်ပေါ်ရောက်ရှိလာအောင် ကူညီပေးခဲ့တာပဲဖြစ်တယ်။ ယခုရွေးချယ်ခံထားရတဲ့ ၁၇ယောက်ကတော့ တရားခွင်မှာ ပြန်လည်စစ်ဆေးခံရပြီးနောက်မှာမှ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရမှာ ဖြစ်ပါတယ်။ တစ်သက်တာထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ရာပေါင်းများစွာကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ကျွန်မတို့ကူညီပေးရပါဦးမယ်။” လို့ ပြောပြခဲ့ပါသေးတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × two =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...