HomeEntertainmentSpider-Man ရုပ်ရှင်အသစ်ဖြစ်တဲ့ Far From Home Trailer ထွက်ရှိလာ။ (ရုပ် / သံ)

Spider-Man ရုပ်ရှင်အသစ်ဖြစ်တဲ့ Far From Home Trailer ထွက်ရှိလာ။ (ရုပ် / သံ)

- Advertisement -

Spider-Man: Far From Home Trailer အသစ်ဟာ လွန်ခဲ့တဲ့ရက်အချို့က ထွက်ရှိလာခဲ့ပြီး Avengers: Endgame အဖြစ်အပျက်နောက်ပိုင်းကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့အစပိုင်းကိုတော့ Peter တစ်ယောက် သူ့ရဲ့သူငယ်ချင်းလည်းဖြစ်၊  လေးစားအားကျရတဲ့သူလည်းဖြစ်တဲ့ Tony Stark တစ်ယောက် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အသက်စတေးခဲ့ရသဖြင့် ဝမ်းနည်းပူဆွေးနေရတဲ့ အချိန်ကနေ စတင်ထားပါတယ်။ တစ်ရက်မှာတော့ Spider-Man ရဲ့ ထုံးစံအတိုင်း ဒုစရိုက်သမားတွေကို လိုက်လံနှိမ်နင်းရာကနေ “ အခုဆိုရင် မင်းက Iron Man အသစ်ဖြစ်နေပြီလား ? ? ? ” ဆိုပြီး ရဲတစ်ယောက်ရဲ့မေးမြန်းခြင်းကို ခံခဲ့ရပါတယ်။

- Advertisement -

- Advertisement -

Endgame ရဲ့ အဖြစ်အပျက်တွေအပြီးနောက်ပိုင်း Peter တစ်ယောက် ဥရောပဖက်သို့ အနားယူရန် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း Peter ဟာ ကောင်းမွန်စွာ အနားယူနိုင်ခြင်းမရှိဘဲ S.H.I.E.L.D ရဲ့ သူဌေးဖြစ်သူ Nick Fury ရဲ့ ထိန်းချုပ်ခြင်းကိုခံရပြီး Jake Gyllenhaal သရုပ်ဆောင်ထားတဲ့ Mysterio ဇာတ်ကောင်နဲ့ ပူးတွဲလုပ်ကိုင်ဖို့ စေခိုင်းခံရပါတယ်။ သို့ပေမယ့်လည်း Trailer အရ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ အဆင်ပြေခဲ့ခြင်းမရှိဘဲ Mysterio ရဲ့ ဇာတိအမှန်တွေ ပေါ်ပေါက်လာတဲ့အချိန် Peter တစ်ယောက် သူ့ရဲ့ လေးစားအားကျရတဲ့ Tony Stark ရဲ့ လမ်းစဉ်တွေအတိုင်း လုပ်ဆောင်မလား၊ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုတော့ ရုံတင်ပြသမယ့် ဇူလိုင် (၂) ရက်နေ့ရောက်မှသာ အပြည့်အဝ ကြည့်ရှုအားပေးကြပါဦးနော် . . .

- Advertisement -

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read