HomeEntertainmentပေါင်သန်း (၁၀၀) တန် စံအိမ်ကြီး၌ မွေးနေ့ပွဲကျင်းပခဲ့သည့် အဆိုတော် Adele

ပေါင်သန်း (၁၀၀) တန် စံအိမ်ကြီး၌ မွေးနေ့ပွဲကျင်းပခဲ့သည့် အဆိုတော် Adele

- Advertisement -

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် Adele သည် သူမရဲ့ အသက် (၃၁) နှစ်ပြည့်မွေးနေ့ပွဲကို Beverly Hills ဒေသရှိ အိပ်ခန်း (၂၉) ခန်းပါဝင်သည့် ပေါင်သန်း (၁၀၀) တန် စံအိမ်ကြီး၌ ကျင်းပခဲ့ပြီး အဆိုပါ စံအိမ်ကြီးသည် နာမည်ကျော် Godfather ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းနေရာတစ်ခုလည်း ဖြစ်ပါတယ်။ စနေနေ့က ကျင်းပခဲ့သည့် အဆိုပါ မွေးနေ့ပွဲသို့ Adele က နာမည်ကျော်များကို ဖိတ်ကြားခဲ့ပြီး  ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်သည့် Leonardo DiCaprio ကလည်း သူ့ရဲ့ မိခင်၊ ပထွေးဖြစ်သူတို့နဲ့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

Leonardo ရဲ့ ပထွေးဖြစ်သူ David Ward ကလည်း နောက်တစ်နေ့၌ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့်  “မနေ့ညက Adele ရဲ့ မွေးနေ့ပွဲကို အရမ်းကို အံ့အားသင့်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့ နေရာမှာ ကျင်းပခဲ့တာပါ။ ဧည့်သည်တွေ အကုန်လုံးက ဖုန်းကိုယ်စီကိုင်ဆောင်ထားကြပြီး ဘယ်ပါပါရာဇီတစ်ယောက်မှ ရှိမနေပါဘူး။ အရင်ခေတ်တုန်းကလို Cowboy တွေလိုမျိုး ဝတ်စားဆင်ယင်ထားကြပြီး Godfather ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းရိုက်ကွင်းဖြစ်ခဲ့တဲ့ စံအိမ်ကြီးမှာ ကျင်းပခဲ့ပါတယ်။” ဟု ပရိသတ်များထံ ပြန်လည်မျှဝေသွားခဲ့ပါတယ်။

- Advertisement -

- Advertisement -

 

 

New York နေ့စဉ် သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ စံအိမ်ကြီးကို ပိုင်ရှင်ဖြစ်သူက ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က တစ်လ ပေါင် (၄၅၈,၀၀၀) ဖြင့် ငှားရမ်းရန် ပြင်ဆင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ မွေးနေ့ပွဲ၌ Adele သည် တောက်ပသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး (၁၉၂၀) ပြည့်နှစ်က မိန်းကလေးများရဲ့ ဆံပင်ပုံစံအတိုင်း ပြင်ဆင်ထားကာ သူမရဲ့ မွေးနေ့ဖက်ရှင်ဓာတ်ပုံများကို အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များထံ ပြန်လည်ဝေမျှခဲ့သေးကြောင်းလည်း သိရှိရပါတယ်။

 

- Advertisement -

 

 

ဒါ့အပြင် Adele က “အခု အသက် (၃၁) နှစ်ပြည့်ပါပြီ။ ဘုရားသခင်ကို အရမ်းအရမ်း ကျေးဇူးတင်ပြီး အသက် (၃၀) အရွယ်မှာ ကျွန်မအတွက် အရမ်းကို ခက်ခဲခဲ့ပေမယ့် ကျွန်မဒါတွေကို ကျော်ဖြတ်နိုင်ခဲ့သလို ယိမ်းယိုင်နေတဲ့အနေအထားကနေ တည့်မတ်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဘဝက အမြဲတမ်း ရှေ့ဆက်သွားနေမှာဖြစ်ပြီး အချိန်တိုင်းမှာ ရှုပ်ထွေးနေမှာလည်း ဖြစ်ပါတယ်။  နောက်ပိုင်းနှစ်တွေမှာ ကျွန်မက အများကြီး ပြောင်းလဲလာခဲ့ပြီး လက်ရှိအချိန်အထိလည်း ပြောင်းလဲနေဆဲပါပဲ။ ဒါပေမယ့် အားလုံး အဆင်ပြေပါတယ်။” ဟုလည်း ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − 8 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...