Dragons များ၊ Ice zombies များကို အခြေခံပြီး ရိုက်ကူးထားသည့် Game of Thrones ဇာတ်ကားသည် The Night King နဲ့အတူ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပရိသတ်များရဲ့ ရှေ့မှောက်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုအတွင်း၌ Starbucks မှ ကော်ဖီခွက်တစ်ခွက် မှားယွင်းပါဝင်သွားခဲ့ကြောင်း ပရိသတ်များက မဆိုင်းမတွပင် ထောက်ပြခဲ့ကြကြောင်း သိရှိရပါတယ်။ မင်းသမီး Emillia ထိုင်နေသည့် ရှေ့မှ စားပွဲပေါ်၌ ယခုကဲ့သို့ပင် Starbucks ကော်ဖီခွက်တစ်ခွက် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်ဖီခွက်က ပရိသတ်များရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
တွစ်တာပေါ်မှ ပရိသတ်တစ်ဦးကလည်း “ဒါဆို ငါတို့ အခု ဒီ Starbucks ကော်ဖီခွက်နဲ့ ဘယ်ခေတ်ကို ရောက်နေတာလဲ။” ဟု နောက်ပြောင်ရေးသားခဲ့သလို ပရိသတ်အများစုကလည်း ရိုက်ကူးရေးဝန်ထမ်းအများစုအနေနဲ့ ယခုကဲ့သို့ အမှားအယွင်းပါသွားခဲ့ခြင်းအား လုံးဝမသိရှိခဲ့ခြင်းကိုလည်း အံ့အားသင့်လျက်ရှိနေပါတယ်။ “ရိုက်ကူးရေးအဖွဲ့ဝင်တွေအတွက် တကယ်ကို စိတ်ပျက်စရာပါပဲ။” ဟု ပရိသတ်တစ်ဦးကလည်း တွစ်တာပေါ်မှ ဝေဖန်ခဲ့ပြီး ပရိသတ်အများစုကမူ ဟာသအဖြစ်မြင်ကာ နောက်ပြောင်လျက်ရှိနေကြပါတယ်။
ပရိသတ်တစ်ဦးကလည်း “ကုန်ပစ္စည်းတွေကို နေရာတကျထည့်သွင်း ကြေငြာခြင်းက တကယ်ကို ပြင်းထန်လာပြီပဲ။” ဟု လူမှုကွန်ရက်ပေါ်၌ နောက်ပြောင်ရေးသားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အချို့သောပရိသတ်များကမူ ယခုကဲ့သို့ အမှားအယွင်းအပေါ် တာဝန်ယူရမည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် စိုးရိမ်ပူပန်လျက်ရှိပြီး “အိုးမိုင်ဂေါ့ဒ်၊ တစ်ယောက်ယောက်ကတော့ ဒီအမှားအတွက် ခေါင်းခံရတော့မယ်ထင်ပါတယ်။” ဟု ရေးသားခဲ့ကြောင်းလည်း သိရှိရပါတယ်။
ယခုကဲ့သို့ အမှားအယွင်းသည် Game of Thrones ဇာတ်ကား၌ ပထမဆုံးသော အမှားအယွင်းမဟုတ်ဘဲ ယခုဇာတ်ကားရဲ့ ပထမဆုံးသော ဇာတ်လမ်း၌လည်း (၂၁) ရာစုခေတ် ပုံစံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးရဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါဝင်သွားခဲ့ဖူးကြောင်းလည်း သိရှိရပါတယ်။
#HM(Soshwe)
#SoshweFunny
#SoshweForYourDailyLife
#Like&Share