Met Gala ဆိုသည်မှာ အနုပညာရှင်တွေအနေနဲ့ ဖက်ရှင်အလန်းစားတွေ ဝတ်ဆင်ပြီးပွဲတက်လာကာ ဖက်ရှင်သင်တန်းကျောင်းတွေအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ ပွဲတစ်ပွဲဖြစ်ပြီး နှစ်တစ်နှစ်လုံးမှာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဖက်ရှင်ပွဲတော်ကြီးလို့လည်း ပြောလို့ရပါတယ်။ Met Gala ပွဲမှာဆိုရင် ထိပ်တန်းအဆင့် အနုပညာရှင်တွေအနေနဲ့ ထူးခြားဆန်းကြယ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အဆန်းတကျယ်ဝတ်ဆင်လာတာကို တွေ့မြင်ရမှာပါ။
2019 Met Gala ပွဲသို့ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေထဲကမှ မှင်သက်အံ့သြဖွယ်ကောင်းတဲ့ ဖက်ရှင်အလန်းစားတွေနဲ့ ပွဲတက်လာကြတဲ့ အနုပညာရှင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဌက်တောင်ပေါင်း ၃၀၀၀၀ ကျော်နဲ့ ပြုလုပ်ထားတဲ့ အနီရောင်ဂါဝန်ရှည်ကြီးနဲ့ ပွဲတက်လာတဲ့ Cardi B
၂။ Cardi B နဲ့ အပြိုင် ဝုန်းဒိုင်းကြဲလာတဲ့ Nicki Minaj
၃။ “ ဓာတ်ပုံမရိုက်ပါနဲ့ ” ဆိုတဲ့ စာတန်းပါ ဂါဝန်ကို ဝတ်ဆင်လာသော်လည်း သူမကို ဓာတ်ပုံမရိုက်နိုင်အောင် မတားဆီးနိုင်ခဲ့တဲ့ Hailee Steinfield
၎။ သက်တန့်ရောင်ဝတ်စုံနဲ့ လန်းနေတဲ့ Cara Delevingne
၅။ Met Gala ဖက်ရှင်ပွဲကို ပူးတွဲကျင်းပသူဖြစ်တဲ့ အဆိုတော် Lady Gaga
၆။ ဖယောင်းတိုင်မီးတွေထွန်းထားတဲ့ ဖက်ရှင်ကို ဝတ်ဆင်ပြီး ပွဲတက်လာတဲ့ Katy Perry
#ST(1209Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share