HomeEntertainmentJustin Bieber ရဲ့ စိန်ခေါ်မှုကို ထပ်မံတုံ့ပြန်လိုက်သည့် Shawn Mendes

Justin Bieber ရဲ့ စိန်ခေါ်မှုကို ထပ်မံတုံ့ပြန်လိုက်သည့် Shawn Mendes

- Advertisement -

The Observer မဂ္ဂဇင်းရဲ့ မျက်နှာဖုံး၌ “Prince of Pop” ဟု ရည်ရွယ် ဖော်ပြခြင်းခံခဲ့ရသည့် Shawn Mendes ကို Justin Bieber က ရေခဲပြင်ဟော်ကီ ကစားရန် နောက်ပြောင် စိန်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌မူ Shawn ကလည်း Justin ရဲ့ စိန်ခေါ်မှုကို သောကြာနေ့တိုင်း ပြုလုပ်သည့် Z100’s Elvis Duran and the Morning Show အစီအစဉ်မှတစ်ဆင့် တုံ့ပြန်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

မေလ (၃) ရက်နေ့၌ ပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်၌ Shawn က “ကျွန်တော်က သူ့ (Justin Bieber) ထက် လူကောင်ကြီးမားပြီး ကိုယ်အလေးချိန်လည်း ပိုများမယ်လို့ထင်ပါတယ်။” ဟု ပြန်လည် တုံ့ပြန်ခဲ့ပြီး အဲ့ဒီနောက်တွင်မူ “ကျွန်တော့်စိတ်ထင် သူက တခြား အဆင့်တစ်ခုကို ရောက်နေပြီဖြစ်ပြီး ကျွန်တော်ကတော့ သူ့လို မဟုတ်သေးပါဘူး။ သူလုပ်ပြခဲ့တဲ့ အလှည့်အပြောင်းတွေကို ကျွန်တော် မလုပ်ပြနိုင်သေးပါဘူး။” ဟုလည်း Shawn က ပြောကြားခဲ့ပါသေးတယ်။

- Advertisement -

ထပ်မံ၍လည်း Shawn က “သူက အရမ်းကို ရယ်ရတဲ့ လူတစ်ယောက်ပါ။ နောက်ပြီးတော့ Justin က ကျွန်တော် လက်ရှိ လုပ်နေတဲ့ အနုပညာအလုပ်တွေကို စတင်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်အတွင်းကလည်း Justin Bieber နဲ့ Hailey တို့ရဲ့ Relationship နဲ့ ပတ်သက်၍ Shawn ကို မေးမြန်းခဲ့ရာ၌လည်း “ကျွန်တော် သူတို့နှစ်ယောက်လုံးကို ချစ်ခင်မြတ်နိုးပြီး နှစ်ယောက်လုံးက တကယ်ကို ရိုသေလေးစားစရာ လူနှစ်ယောက်ပါ။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read