HomeSportချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ အခြေအနေ။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ အခြေအနေ။

- Advertisement -

ယူနိုက်တက်အသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးလိုက်ရပြီးနောက် ကစားသမားများရဲ့ လစာငွေ (၂၅) ရာခိုင်နှုန်းကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က တန်းဆင်းပြီးသား အသင်းတစ်သင်းဖြစ်သည့် ဟက်ဒါဖီးလ်အသင်းကို အဝေးကွင်း၌ တစ်ဖက်တစ်ဂိုးစီသရေရလဒ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်က ပျက်ပြယ်ခဲ့ရပြီဖြစ်ပြီး လာမည့်ရာသီ၌ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်လည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲစုံ နောက်ဆုံး (၁၁) ပွဲ၌ (၂) ပွဲသာ အနိုင်ရရှိခဲ့ပြီး Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားအများစုသည် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပါက ပုံမှန်ရရှိနေသည့် လစာကို လျှော့ယူရမည်ဟု သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိခဲ့မည်ဆိုပါက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို အပိုဆုကြေး ပေါင် (၁.၈) သန်းပေးချေရမည်ဟု စာချုပ်ချုပ်ဆိုထားကြောင်းလည်း အဆိုပါ သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသည့်နောက်တွင်မူ အသင်းရဲ့ အဓိက ကစားသမားများဖြစ်ကြသည့် ပေါ့ဘာ၊ ဒီဂီယာတို့ကို လက်လွှတ်ရဖွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ဒီဂီယာသည် အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့် ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက အသင်းက ထွက်ခွာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပေါ့ဘာသည်လည်း ယူနိုက်တက်အသင်း၌ အဆင်မပြေဖြစ်နေသည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ အဆိုပါ ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေကြောင်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three + 17 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...