HomeSportယူရိုပါလိဂ်ပြိုင်ပွဲက ယူနိုက်တက်အသင်းအတွက် သင့်တော်ကြောင်း ဝန်ခံလိုက်သည့် ဆိုးလ်ရှား။

ယူရိုပါလိဂ်ပြိုင်ပွဲက ယူနိုက်တက်အသင်းအတွက် သင့်တော်ကြောင်း ဝန်ခံလိုက်သည့် ဆိုးလ်ရှား။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ပြိုင်ပွဲက ယူနိုက်တက်အသင်းနဲ့ သင့်တော်သည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့သည့် ဟက်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်၌ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ယူနိုက်တက်အသင်းအနေနဲ့ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ရန် သေချာသွားခဲ့ပြီးနောက် ဆိုးလ်ရှားက ယခုလို ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ တစ်ခါတလေ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အခြေအနေတွေကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရခဲ့ပါတယ်။ တနင်္ဂနွေနေ့ကပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်လို့ ခင်ဗျား ပြောနိုင်ပေမယ့် ကျွန်တော်တို့ ရာသီတစ်လျှောက်လုံး ဒီလိုပုံစံမျိုးတွေ ဖြစ်လာခဲ့ပြီး ပုံစံကောင်းမပြနိုင်ခဲ့ပါဘူး။ အဆင့် (1209၃) ဒါမှမဟုတ် အဆင့် (1209၄) နေရာကို ရယူဖို့အတွက် ကျွန်တော်တို့ဆီမှာ အခွင့်အရေးတွေ အများကြီးရှိခဲ့ပေမယ့် အမိအရ အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း လာမယ့်နှစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အတွက် သင့်တော်မှန်ကန်တဲ့ ပြိုင်ပွဲတစ်ခုလို့ ပြောလို့ရပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ထပ်မံ၍လည်း ဆိုးလ်ရှားက “အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခံယူချက်က ပြဿနာ မရှိခဲ့ပါဘူး။ ကစားသမားတွေက ပြေးလွှားရင်း ကြိုးစားနေခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုံလောက်တဲ့ အကောင်းဆုံးပုံစံတစ်ခုကို မပြသနိုင်ခဲ့ဘဲ ဒါကပဲ ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် လာမည့်တစ်ပတ် တနင်္ဂနွေနေ့၌ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် တန်းဆင်းပြီးသား အသင်းတစ်သင်းဖြစ်သည့် ကာဒစ်ဖ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်လည်း ဖြစ်ပါတယ်။

 

- Advertisement -

#HM(1209Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve − seven =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...