HomeSportပေါ့ဘာကို ခေါ်ယူရန်အတွက် အသင်းရဲ့ ဂိုးသမားကိုပါ အလိုက်ပေးရန် ပြင်ဆင်နေသည့် ရီးရဲယ်မက်ဒရစ်။

ပေါ့ဘာကို ခေါ်ယူရန်အတွက် အသင်းရဲ့ ဂိုးသမားကိုပါ အလိုက်ပေးရန် ပြင်ဆင်နေသည့် ရီးရဲယ်မက်ဒရစ်။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို ခေါ်ယူရန်အတွက် အသင်းရဲ့ ဂိုးသမားဖြစ်သူ ကေလာနာဗက်စ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ စပိန်အင်အားကြီး ကလပ် ရီးရဲယ်မက်ဒရစ်အသင်းသည် ပေါ့ဘာကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပေမယ့် ကစားသမားအလိုရှိနေသည့် လစာငွေ ပမာ​ဏကိုမူ ပေးချေရန် ဆန္ဒမရှိကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

ဒါပေမယ့် The Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ ရီးရဲယ်မက်ဒရစ်အသင်းသည် ပေါ့ဘာကို ခေါ်ယူရန် ကြိုးစားသည့် နေရာ၌ အသင်းရဲ့ ဂိုးသမားဖြစ်သူ နာဗက်စ်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ဒီဂီယာကလည်း အသင်း၌ ဆက်ရှိရန် မသေမချာဖြစ်နေရာ ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ အဆိုပါ အချက်ကို အသုံးချပြီး နာဗက်စ်ကိုအလိုက်ပေးကာ ပေါ့ဘာကို ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

နာဗက်စ်ကလည်း လက်ရှိ ဘောလုံးရာသီ လာလီဂါနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ (၂) ခုပေါင်း၌ စုစုပေါင်း (၁၂) ပွဲသာ ကစားခွင့်ရရှိထားပြီး အသင်း၌ အနာဂတ် မတည်မငြိမ်ဖြစ်နေသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် နွေရာသီ၌ အသင်းကို ကော်တိုအာ စတင်ရောက်ရှိလာချိန်မှစတင်၍ ပုံမှန်နေရာ ပျောက်ဆုံးခဲ့သည့် နာဗက်စ်သည် လက်ရှိ နည်းပြ ဇီဒန်းသာ အလိုရှိပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးရာ အဆိုပါ ဂိုးသမားကို ခေါ်ယူရန်အတွက် အခြားသော ဥရောပ ထိပ်တန်းအသင်းကြီးများကလည်း  စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read