HomeEntertainmentOne Direction အဖွဲ့ ပြန်လည် ပေါင်းစည်းဖြစ်မှာလား ? ? ?

One Direction အဖွဲ့ ပြန်လည် ပေါင်းစည်းဖြစ်မှာလား ? ? ?

- Advertisement -

Louis Tomlinson က နာမည်ကျော် ယောက်ျားလေး အဆိုတော်အဖွဲ့ဖြစ်သည့် One Direction အဖွဲ့ သေချာပေါက် ပြန်လည်ပေါင်းစည်းဖြစ်မည်ကို ကြိုတင် ထင်မြင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ITN နဲ့ ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ Louis Tomlinson က “ ဒီ One Direction အဖွဲ့ ပြန်လည် မပူးပေါင်းခဲ့ဖူးဆိုမှသာ ကျွန်တော့်ဆီမှာ ပြောစရာ အချို့ရှိမှာပါ။ သေချာပေါက် ပြန်လည်ပေါင်းစည်းဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးဘာပြောရမှန်းတောင် မသိတော့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Louis Tomlinson သည် ယခင်ကလည်း One Direction အဖွဲ့ ပြန်လည်  ပေါင်းစည်းနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟပြောကြားခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ၌ Louis Tomlinson က “One Direction အဖွဲ့ ပြန်လည် ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။” ဟု ဖွင့်ဟပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

ဒ့ါအပြင် ယခုကဲ့သို့ One Direction အဖွဲ့ ပြန်လည် ပေါင်းစည်းခြင်းသည် ပရိသတ်များအတွက်လည်း အရေးပါသော ကိစ္စတစ်ရပ်ဖြစ်ကြောင်းကို Louis Tomlinson က “ကျွန်တော်တို့ အားလုံး ပရိသတ်တွေရှေ့ကို အတူတကွ ပြန်လည်ရောက်ရှိလာတာကလည်း အရေးကြီးဆုံး ကိစ္စရပ်တစ်ခုလို့ ခံစားမိပြီး ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအရလည်း လုပ်စရာရှိတာတွေအကုန် လုပ်ခဲ့ပြီးပါပြီ။” ဟု ပြောကြားခဲ့ပါသေးတယ်။ Louis သည် ပြီးခဲ့သည့် မေလ (၄) ရက်နေ့က ဘာမင်ဂမ်မြို့၌ ပြုလုပ်ခဲ့သည့် Free Radio Hits Live Event ၌လည်း ပါဝင်ဖျော်ဖြေခဲ့ပြီး ယခုကဲ့သို့ ဖျော်ဖြေခြင်းသည် သူ့ရဲ့ ညီမဖြစ်သူ Felicite Tomlinson ကွယ်လွန်ပြီးနောက်ပိုင်း စင်မြင့်ပေါ်၌ ပရိသတ်များကို ပထမဆုံး ပြန်လည်  ဖျော်ဖြေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

ထပ်မံ၍လည်း Louis က “One Direction နဲ့ ပတ်သက်တဲ့ အရာတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အရာအားလုံးက တကယ်ကို အံ့အားသင့်စရာ ကောင်းတဲ့ အမှတ်တရတွေချည်းပါပဲ။ ကျွန်တော်တို့က ယောက်ျားလေး Band အဖြစ် စတင်ခဲ့ပြီး ဂီတနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ နေရာမှာပဲ အဆုံးသတ်ခဲ့ကြတာပါ။ အဲ့ဒီတုန်းက အချိန်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။” ဟုလည်း  ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read