HomeOtherထိုင်းဘုရင် Vajiralongkorn က ကိုယ်ရံတော်မလေးကို လက်ထပ်ထိမ်းမြားပြီး မိဖုရားအဖြစ်ချီးမြှောက်။

ထိုင်းဘုရင် Vajiralongkorn က ကိုယ်ရံတော်မလေးကို လက်ထပ်ထိမ်းမြားပြီး မိဖုရားအဖြစ်ချီးမြှောက်။

- Advertisement -

ထိုင်းနိုင်ငံကို နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ဘုရင်ဟောင်း Bhumibol Adulyadej နတ်ရွာစံပြီးနောက် သူ့ရဲ့သားတော် Maha Vajiralongkorn က ထီးနန်းဆက်ခံခဲ့ပါတယ်။၂၀၁၆ခုနှစ်မှာတော့ အသက် ၆၆ နှစ်အရွယ် Maha Vajiralongkorn ဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်ဖြစ်လာပါတော့တယ်။ နောက်သုံးနှစ်အကြာမှာတော့ ဘုရင်မင်းမြတ် Vajiralongkorn ဟာ ကိုယ်ရံတောက်ကို လက်ထပ်ထိမ်းမြားပြီး မိဖုရားအဖြစ် တင်မြှောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီကြေငြာချက်က ပြည်သူအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အကြောင်းကတော့ ဘုရင်မင်းမြတ် Vajiralongkorn ဟာ ယခင်ထိမ်းမြားလက်ထပ်ထားတဲ့ ကြင်ယာတော်သုံးပါးလုံးနဲ့လည်း ကွာရှင်းခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ ရင်သွေးကလည်း ၇ယောက်ရှိနေပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ဘုရင်မ Suthida ဟာ ထိုင်းနိုင်ငံလေကြောင်းလိုင်းမှာ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဘုရင်ကြီးက စစ်တပ်အုပ်ချုပ်မှူးအဖြစ် ၂၀၁၆ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။  ဘုရင်မင်းမြတ် Vajiralongkorn ရဲ့ အနားမှာ အမြဲတမ်းရှိနေခဲ့ပြီး နှစ်ဦးသားကိုလည်း မကြာခဏ တစ်တွဲတွဲမြင်ခဲ့ရဖူးပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးရဲ့ဆက်နွယ်မှုကို မည်သူတစ်ဦးတစ်ယောက်ကမှ သတိမထားခဲ့မိကြပါဘူး။ ဘုရင်မ Suthida ဟာ တော်ဝင်မျိုးနွယ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပြီလို့ ထိုင်းနိုင်ငံတော်ဝင်မိသားစုက အတိအလင်းကြေငြာခဲ့ပါတယ်။

- Advertisement -

လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားကို တော်ဝင်မျိုးနွယ်တွေနဲ့ အခြားသောအကြံပေးပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပုံကို ထိုင်းနိုင်ငံ TV channels တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပြသခဲ့တာပဲဖြစ်ပါတယ်။ ဘုရင်မင်းမြတ်က ဘုရင်မရဲ့ဦးခေါင်းကို ရေစင်လောင်းပြီးနောက် နှစ်ဦးသား လက်ထပ်လက်မှတ်ရေးထိုး ခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read