HomeEntertainmentDrake တစ်ယောက် Billboard ဂီတဆုပေးပွဲမှာ ဆုတက်ယူရင်း Game of Thrones ဇာတ်ကားထဲက ဇာတ်ကောင် Arya Stark...

Drake တစ်ယောက် Billboard ဂီတဆုပေးပွဲမှာ ဆုတက်ယူရင်း Game of Thrones ဇာတ်ကားထဲက ဇာတ်ကောင် Arya Stark ကို ဘာတွေပြောခဲ့သလဲ ? ? ?

- Advertisement -

၂၀၁၉ခုနှစ် မေလ ၁ရက်နေ့မှာ ကျင်းပတဲ့ Billboard  တေးဂီတဆုပေးပွဲကို အနုပညာရှင်တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ ထိုဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးသော သီချင်းအယ်လ်ဘမ်ပိုင်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ Drake ဟာ ဆုတက်ယူချိန်၌ သူ့ရဲ့သီချင်းတွေကို အားပေးနှစ်သက်တဲ့ပရိသတ်တွေ၊ သီချင်းထုတ်လုပ်ရာမှာ ကူညီပေးခဲ့တဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားပြောဆိုရင်း Game of Thrones ဇာတ်ကားထဲက Arya Stark ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Maisie Williams ကိုလည်း လွန်ခဲ့တဲ့ အပတ်မှာထွက်ရှိခဲ့တဲ့ အပိုင်းတွေမှာ  ကောင်းမွန်စွာ သရုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပါ ပြောဆိုခဲ့ပါသေးတယ်။

 

- Advertisement -

လွန်ခဲ့တဲ့အပတ်ကထွက်ရှိခဲ့တဲ့ အပိုင်းမှာ ပါဝင်တဲ့ ဇာတ်ကွက်တွေထဲကတစ်ခုဖြစ်တဲ့ “Battle of Winterfell” မှာ Arya Stark က the Night King ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့အခန်းက ဒီအပိုင်းကိုကြည့်ပြီးတဲ့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဝေဖန်ဆွေးနွေးစရာခေါင်းစဉ်ဖြစ်လာခဲ့ပါတယ်။ Arya Stark အဖြစ် သရုပ်ဆောင်ထားတဲ့ Maisie Williams ကလည်း ဒီဇာတ်ကွက်နဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို Entertainment Weekly ကို ပြောပြခဲ့ပါတယ်။ “ကျွန်မက ဇာတ်လမ်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ ပရိသတ်တွေက ပေါင်ချိန် ၁၀၀လောက်ပဲရှိတဲ့  ကောင်မလေးက ဒီလူဆိုးကို သတ်ခဲ့တာကို လက်ခံနိုင်ပါ့မလားပေါ့။ ကျွန်မကရော ဒီလိုမျိုး သတ်နိုင်လောက်တဲ့အထိ အဆင်ပြေပါ့မလား ဆိုပြီး စိုးရိမ်နေခဲ့ပါသေးတယ်။ ကျွန်မချစ်သူကလည်း the Night King ကို သတ်မယ့်ဇာတ်ကောင်က Jon Snow ဖြစ်သင့်တယ်လို့ ဆိုလာတော့ ကျွန်မ ဇဝေဇဝါတွေဖြစ်ခဲ့ရတာတော့အမှန်ပဲ။ ဒါပေမယ့်လည်း ကျွန်မကောင်းမွန်စွာ သရုပ်ဆောင်နိုင်သွားတယ်။ ပရိသတ်တွေမှာလည်း လက်ခံတဲ့သူတွေက လက်ခံခဲ့ကြတယ်ဆိုတော့ ကျွန်မသိပ်ပြီး စိတ်မဖိစီးရတော့ဘူးပေါ့။” ဆိုပြီး ပြောပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read