မေ ၁ ရက်နေ့က ကျင်းပတဲ့ Billboard တေးဂီတဆုပေးပွဲကိုတက်ရောက်လာတဲ့ Joe Jonas ကို သူ့ရဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Kevin ၊ Nick တို့နဲ့အတူ စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်တာကိုတွေ့ရပြီးနောက် Game of Thrones က သရုပ်ဆောင် Sophie Turner နဲ့ လက်ထပ်ထိမ်းမြားဖို့အတွက် Las Vegas က ဘုရားကျောင်းထဲကို ဝင်သွားတာကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
https://www.instagram.com/p/Buki7yzhFim/?utm_source=ig_embed
DJ Diplo ကလည်း သူတို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာပဲဖြစ်ပါတယ်။
Diploရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံ ဗီဒီယိုတွေထဲမှာ ပါတဲ့အတိုင်းပဲ Sophie ကတော့ အဖြူရောင်သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။ နောက်ထပ်ဓာတ်ပုံဗီဒီယိုတွေထဲမှာ တွေ့ရတာကတော့ Joe က Sophie ကို စောင့်နေစဉ် Country အဆိုတော်တွေဖြစ်တဲ့ Dan နဲ့ Shay တို့က “Speechless” ဆိုတဲ့ သီချင်းကို မင်္ဂလာတေးအဖြစ် သီဆို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။
https://www.instagram.com/p/BaRwF_1gGJd/?utm_source=ig_embed
Diplo တစ်ယောက်ကတော့ မင်္ဂလာပွဲတစ်ခုလုံးကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ Live လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ Joe နဲ့ Sophie တို့ရဲ့ ထိမ်းမြားလက်ထပ်ပွဲကို သူတို့နှစ်ဦးရဲ့ လက်ထပ်စာချုပ်ကို ကြည့်ပြီး အတည်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ အောက်တိုဘာလကတည်းက စေ့စပ်ထားခဲ့တာဖြစ်ပါတယ်။ Sophie က Game of Thrones ဇာတ်ကားထဲက သူမရဲ့သူငယ်ချင်းဖြစ်တဲ့ Maisie Williams ဟာ သူမရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံ ပြုလုပ်ရမယ်လို့ ပြောကြားခဲ့သော်လည်း မင်္ဂလာပွဲမကျင်းပမီ ပရိသတ်တွေကို ကြိုတင်အသိမပေးဘဲ လက်ထပ်ထိမ်းမြားခဲ့ကြတာပဲဖြစ်ပါတယ်။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share