HomeEntertainmentချစ်သူဖြစ်သူ Jessie J နဲ့ အလောင်းအစားရှုံးနိမ့်ခဲ့၍ ကိုယ်လုံးတီးဓာတ်ပုံကို ဆိုရှယ်မီဒီယာအပေါ် အတင်ခံခဲ့ရသည့် Channing Tatum

ချစ်သူဖြစ်သူ Jessie J နဲ့ အလောင်းအစားရှုံးနိမ့်ခဲ့၍ ကိုယ်လုံးတီးဓာတ်ပုံကို ဆိုရှယ်မီဒီယာအပေါ် အတင်ခံခဲ့ရသည့် Channing Tatum

- Advertisement -

Channing Tatum ရဲ့ ချစ်သူမိန်းကလေးဖြစ်သူ Jessie J သည် Channing ရဲ့ အဝတ်အစားမပါသည့်  ကိုယ်လုံးတီး ဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာမှတစ်ဆင့်  ပရိသတ်များထံ မျှဝေခဲ့ပြီး တစ်ကမ္ဘာလုံးကို  ပွဲကျစေခဲ့ပါတယ်။ ရေချိုးခန်းအတွင်း၌ အဝတ်ဗလာဖြင့် Channing တစ်ယောက် ရေချိုးနေသည့် ဓာတ်ပုံက မီဒီယာများထံ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓာတ်ပုံနဲ့ ပတ်သက်၍လည်း Channing က ဖွင့်ဟပြောကြားမှုများ  ပြုလုပ်သွားခဲ့ပါတယ်။

Channing က “Jessica Cornish နဲ့ ကစားခဲ့တဲ့ Jenga ဂိမ်းမှာ ကျွန်တော် ရှုံးနိမ့်ခဲ့ရပြီး ရှုံးတဲ့သူက  ဒီပုံကိုတင်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ခဲ့တာပါ။ ကျွန်တော်နောက်ထပ် သူနဲ့ ဘယ်တော့မှ ဒီဂိမ်းကို ဆော့တော့မှာ မဟုတ်ပါဘူး။” ဟုလည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။ Jessica Cornish ဆိုသည်မှာ Jessie J ရဲ့ နာမည်အရင်းဖြစ်ပြီး Channing နဲ့ ကစားခဲ့သော အဆိုပါ Jenga ဂိမ်း၌ အနိုင်ရရှိခဲ့ပြီးနောက် ဓာတ်ပုံများအားလုံးအနက်မှ သူမစိတ်ကြိုက် အဆိုပါ ဓာတ်ပုံကို  ရွေးချယ်ကာ  ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ခြင်းလည်း  ဖြစ်ပါတယ်။

 

#HM(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × four =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...