HomeOtherထီးနန်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည့် အသက် (၈၅) နှစ်အရွယ် ဂျပန်ဧကရာဇ် Akihito

ထီးနန်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည့် အသက် (၈၅) နှစ်အရွယ် ဂျပန်ဧကရာဇ် Akihito

- Advertisement -

ဂျပန်ဧကရာဇ် Akihito သည် ကျန်းမာရေးပြဿနာများကြောင့် သူ့ရဲ့ ထီးနန်းကို စွန့်လွှတ်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်၊ ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ ယခုကဲ့သို့ ဂျပန်နိုင်ငံ၌ ထီးနန်းလွှဲပြောင်းပေးအပ်ခြင်းကို လူသိရှင်ကြား ပြုလုပ်ခြင်းသည် နှစ်ပေါင်း (၂၀၀) အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ရဲ့သားတော်ဖြစ်သူ Naruhito က မေလ (၁) ရက်နေ့၌ ထီးနန်းကို ဆက်ခံခဲ့ပြီးဖြစ်ပါတယ်။

Akihito သည် နှစ်ပေါင်း (၃၀) ကြာ ထီးနန်းကိုဆက်ခံခဲ့ပြီးနောက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့သန်းခေါင်ယံအချိန်၌ သူ့ရဲ့ တာဝန်က တရားဝင်ပြီးဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူးစွန့်လွှတ်သည့် အခမ်းအနားသည် (၁၀) မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ အင်္ဂါနေ့ရဲ့ ဒေသစံတော်ချိန် ညနေ (၅) နာရီ၌ ဖိတ်ကြားထားသည့် ဧည့်သည်တော် အယောက် (၃၀၀) နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့အပါအဝင် ပါလီမန်အဖွဲ့ဝင်များက အဆိုပါ အခမ်းအနားအတွက် စုဝေးရောက်ရှိခဲ့ကြပါတယ်။

(၁၀) မိနစ်သာ ကြာမြင့်သည့် ရာထူးစွန့်လွှတ်ပွဲ၌ ဘုရင့်အိမ်တော်ဝန်များက ဧကရာဇ်ရဲ့ အဖိုးတန် အဆောင်အယောင် (၃) ခုကို သယ်ဆောင်ခဲ့ကြပြီး အဆိုပါ အဆောင်အယောင် (၃) ခုသည် ဓားရှည်၊ ကျောက်မျက်ရတနာနဲ့ သိဒ္ဓိတင်ထားသည့်မှန်တစ်ချပ်ဖြစ်ပါတယ်။ ဓားရှည်သည် ဂျပန်နိုင်ငံရဲ့ ပထမဆုံးရှင်ဘုရင်ဖြစ်သူ Jinmu ရဲ့ ဓားရှည်ဖြစ်ပြီး ကျောက်မျက်ရတနာမှာမူ မည်သည့်အမျိုးအစားဖြစ်သည်ကို သိရှိရခြင်းမရှိဘဲ ရှင်ဘုရင်များပင်လျှင် အဆိုပါ ကျောက်မျက်ရတနာက မည်သည့်အမျိုးအစားဖြစ်ကြောင်းကို ကြည့်ရှုခွင့် မရှိခြင်းလည်း ဖြစ်ပါတယ်။ သိဒ္ဓိတင်ထားသည့် မှန်တစ်ချပ်မှာမူ လွန်ခဲ့သည့် နှစ်ပေါင်း (၁၅၀၀) ခန့်တည်းက ထိန်းသိမ်းလာသည့် အဆောင်အယောင်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweNews

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty − twelve =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...