၁။ Dakota Fanning
“Monday Mood” ဟု Caption ရေးသားကာ အဖြူရောင်ဝိုင်တစ်ခွက် သောက်သုံးနေပုံကို Dakota က သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။
၂။ Ed Sheeran
နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် Ed Sheeran ကလည်း ဇိမ်ခံရွက်လှေပေါ်၌ ကိုယ်ရံတော်ဖြစ်သူ Kevin Myers နဲ့အတူ ဝိုင်နီသောက်သုံးခဲ့ပါတယ်။
၃။ Taylor Swift
အခြားသော နာမည်ကျော်အဆိုတော်ဖြစ်သည့် Selena Gomez ၊ Cazzie David တို့နှစ်ဦးနဲ့ အတူတကွ ဝိုင်သောက်သုံးနေပုံကို Taylor Swift က သူမရဲ့ အင်စတာဂရမ် စာမျက်နှာ၌ “20wineteen” ဟု Caption ရေးသားကာ ပရိသတ်များထံ မျှဝေခဲ့ပါတယ်။
၎။ Sam Smith
နယူးဇီလန်နိုင်ငံ၌ ဝိုင်ဖြူသောက်သုံးနေသည့် Sam Smith ရဲ့ ပုံရိပ်ကို ပရိသတ်များ မြင်တွေ့ရမှာဖြစ်ပါတယ်။
၅။ Lo Bosworth
Lo Bosworth သည်လည်း နယူးယော့ခ်မြို့ရှိသူမရဲ့ တိုက်ခန်း၌ အနက်ရောင်ဝိုင် သောက်သုံးနေပုံကို ပရိသတ်များ မြင်တွေ့ခဲ့ရပါတယ်။
၆။ Angie Harmon
ရေချိုးပြီးစ၌ ဝတ်ဆင်လေ့ရှိသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ အခန်းပြင်ပ၌ ဝိုင်သောက်သုံးနေသည့် Angie ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
၇။ Drake
ဖျော်ဖြေပွဲတစ်ခုရဲ့ စင်မြင့်နောက်၌ အဖြူရောင်ဝိုင်တစ်ခွက်ကို ကိုင်ဆောင်ထားသည့် Drake ကိုမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ အဆိုပါဝိုင်သည် အီတလီနိုင်ငံထုတ် ဝိုင်အမျိုးအစားဖြစ်ကြောင်းလည်း Drake က ရေးသားဖော်ပြခဲ့ပါသေးတယ်။
၈။ Lebron James
LA Lakers အသင်းရဲ့ ကြယ်ပွင့်ဖြစ်သူ Lebron James သည် ဝိုင်ပုလင်းများ စုဆောင်းရခြင်းကို ဝါသနာထုံသူတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ ဝိုင်များကို စုဆောင်းလာခဲ့သည်မှာ ဒေါ်လာ (၄,၀၀၀) တန်ဖိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။
၉။ Madonna
နာမည်ကျော်အဆိုတော် တစ်ဦးဖြစ်သည့် Madonna သည် သူမရဲ့ ခေါင်းကို ပဝါဖြင့်စည်းကာ လည်ဆွဲများကို ဝတ်ဆင်ထားပြီး လက်က ဝိုင်ဖြူထည့်ထားသည့် ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံကို “ကျွန်မ ဒါနဲ့ထိုက်တန်တယ်လို့ထင်ပါတယ်။” ဟု Caption ရေးသားကာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။
၁၀။ John Legend
National Rose Day ကို ဂုဏ်ပြုသောအားဖြင့် John Legend ကလည်း သူ့ရဲ့ သားငယ်ဖြစ်သူ Miles ကိုချီကာ ပန်းရောင်ဝိုင်တစ်ခွက် ကိုင်ဆောင်ထားသည့် ဓာတ်ပုံကို ပရိသတ်များမြင်တွေ့ခဲ့ရပါတယ်။
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share