HomeEntertainmentချစ်သူမိန်းကလေးကို မွေးရပ်မြေ ပြန်ပို့ပြီး ဖွက်ထားလိုက်သည့် မင်းသားကြီး Johnny Depp

ချစ်သူမိန်းကလေးကို မွေးရပ်မြေ ပြန်ပို့ပြီး ဖွက်ထားလိုက်သည့် မင်းသားကြီး Johnny Depp

- Advertisement -

မင်းသားကြီး Johnny Depp ရဲ့ ချစ်သူ အသက် (၂၃) နှစ်အရွယ် Polina Glen သည် လက်ရှိအချိန်၌ သူမရဲ့ မွေးရပ်မြေဖြစ်သည့် ရုရှားနိုင်ငံသို့ ပြန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ သူမသည် အသက် (၅၅) နှစ်အရွယ် Johnny Depp နဲ့ တွဲခုတ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နာရီပိုင်းအကြာ၌ပင် ယခုကဲ့သို့ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ သူမတို့ ချစ်သူစုံတွဲနှစ်ဦး လူမြင်ကွင်း၌ အနမ်းချင်း ဖလှယ်နေကြသည့် ဓာတ်ပုံများက မီဒီယာများထံ၌ ပျံ့နှံ့သွားပြီးနောက် အဆိုပါ ရုရှား Dancer သည် မင်းသားကြီး Johnny Depp ရဲ့ နေအိမ်၌ နေထိုင်လျက်ရှိကြောင်း သတင်းများကဆက်တိုက်ဆိုသလို ဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့၌မူ Polina တစ်ယောက် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိနေကြောင်း မီဒီယာများက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဖော်ပြခဲ့ကြပါတယ်။ MailOnline သတင်းဌာနရဲ့ ဖော်ပြချက်အရ Polina ရဲ့ ဖခင်ဖြစ်သူကလည်း သူ့ရဲ့ သမီးဖြစ်သူ ရုရှားနိုင်ငံ၌ နေထိုင်နေစဉ် ကာလအတွင်း၌ ပြည်တွင်းသတင်းထောက်များရဲ့ ခြေရာခံခြင်းမှ ကာကွယ်ပေးထားပြီး Gennady Glen က “Polya run!” ဟု အော်ဟစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသလို အဆိုပါ မော်ဒယ်လ်ဟောင်းသည် သူမရဲ့ဖခင်ထံ၌ ပြန်လည် ပုန်းအောင်းလျက်ရှိကြောင်း ဖော်ပြခဲ့ကြပါတယ်။

Gennady သည် အသက် (၅၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး Polina ရဲ့ ဖခင်တစ်ယောက်ဖြစ်သလို Johnny Depp ထက်ပင် အသက် (၄) နှစ်ငယ်ရွယ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Gennady သည် Johnny Depp နဲ့ သူ့သမီးရဲ့ သတင်းများနဲ့ ပတ်သက်၍လည်း အကြီးအကျယ် ဒေါသပေါက်ကွဲနေပြီး MailOnline သတင်းဌာနကိုလည်း “Polina ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်တော် ဘယ်သူ့ကိုမှ အင်တာဗျူးခွင့်ပြုမှာ မဟုတ်ပါဘူး။ သူမရဲ့ ကိုယ်ပိုင်ဘဝကို သူမပဲ ပိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ ပြောပြမှာ မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။

Johnny Depp နဲ့ Polina တို့နှစ်ဦးကို ယခုနှစ်အစောပိုင်း၌ ဆာဘီးယားနိုင်ငံ ၊ ဘဲလ်ဂရိတ်မြို့ရှိ ဟိုတယ်တစ်ခု၌ တွေ့ရှိခဲ့ကြောင်း သတင်းထောက်များက ယုံကြည်နေကြပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်းမှသာ Polina ရဲ့ ဇစ်မြစ်ကို ထောက်လှမ်းမိခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အခြားသော ထွက်ပေါ်နေသော ကောလဟာလ သတင်းများအရ Johnny Depp နဲ့ Polina တို့ နှစ်ဦးသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်နှောင်းပိုင်းမှ စတင်တွဲခုတ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × one =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...