HomeSportလက်ရှိအခြေအနေဆိုးများမှ ရုန်းထွက်နိုင်ရန် ယူနိုက်တက်တို့ လုပ်ဆောင်သင့်သည့် အချက် (၅) ချက်။

လက်ရှိအခြေအနေဆိုးများမှ ရုန်းထွက်နိုင်ရန် ယူနိုက်တက်တို့ လုပ်ဆောင်သင့်သည့် အချက် (၅) ချက်။

- Advertisement -

၁။ အားကစားဒါရိုက်တာတစ်ဦးခန့်အပ်ခြင်း။

ဆာအဲလက်စ်ဖာဂူဆန်ရှိချိန်၌ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စအဝဝကို အဆိုပါ ဂန္တဝင်နည်းပြကြီးကသာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဖာဂူဆန်မရှိတော့သည့်နောက်၌မူ ယူနိုက်တက်အသင်းအနေနဲ့ အားကစားဒါရိုက်တာတစ်ယောက်ကို မဖြစ်မနေ ခန့်အပ်ရန်လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်အနေနဲ့ ပြင်ပစီးပွါးရေးလောက၌ အသင်းအတွက် စပွန်ဆာရှာပေးခြင်းကဲ့သို့သော ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ပေမယ့် ကစားသမားသစ်ခေါ်ယူရေးကဲ့သို့သော ကွင်းတွင်းကိစ္စရပ်များကို ကိုင်တွယ်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဘီဂီရီစတိန်းနဲ့ နည်းပြ ဂွါဒီယိုလာတို့ကဲ့သို့ အတွဲညီညီ လှုပ်ရှားမှုမျိုးကို ယူနိုက်တက်အသင်း၌ လိုအပ်နေခြင်းလည်း ဖြစ်ပါတယ်။

၂။ အသုံးမလိုသည့် ကစားသမားများကို ရှင်းထုတ်ပစ်ခြင်း။

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က အသင်းရဲ့ ကွင်းလယ်ကစားသမားများသည် (1209၁၀) ကိုက်အကွာကိုတောင် ဖြောင့်အောင် ဘောလုံးပေးပို့နိုင်ခြင်းမရှိကြောင်း ဝေဖန်ခဲ့ပြီး ယူနိုက်တက်အသင်းအနေနဲ့လည်း အသင်းရဲ့ လူစာရင်းကို သေချာပေါက် အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပါတယ်။ ဒါမီယန်၊ ရိုဟို၊ မာတာ၊ အက်ရှ်လေယန်း၊ ဗလင်စီယာ နဲ့ ဆန်းချက်ဇ်တို့ကဲ့သို့ အသင်းအတွက် အသုံးမဝင်တော့သည့် ကစားသမားများကို ရောင်းချပြီး ကစားသမားအသစ်များနဲ့ မဖြစ်မနေအစားထိုးရန် လိုအပ်နေပါတယ်။

- Advertisement -

၃။ ကစားသမားကောင်းများကို ထိန်းသိမ်းရန် လိုအပ်ခြင်း။

ယူနိုက်တက်အသင်းသည် နောက်ဆုံး (၁၅) နှစ်အတွင်း၌ စီရော်နယ်ဒို၊ ဒီမာရီယာတို့ကဲ့သို့ ကစားသမားများကို ရောင်းချခဲ့ပြီး လက်ရှိအချိန်၌မူ ဖီးလ်ဂျုံးစ်ကဲ့သို့ နောက်ခံလူကို (၄) နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားခြင်းကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီအပေါ် ဝေဖန်မှု အများအပြား ထွက်ပေါ်လျက်ရှိပါတယ်။ အသင်းရဲ့ လက်ရှိအနေအထားအရ နာမည်ကြီး ကစားသမားများကို ရောင်းချပြီး ငွေရှာရန် မလိုအပ်သောကြောင့် ဒီဂီယာ၊ ပေါ့ဘာ၊ မာစီရယ်လ်တို့ကဲ့သို့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားများကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေပါတယ်။

- Advertisement -

၎။ လူငယ်ခြေတက်များကို ဝယ်ယူခြင်း။

ယူနိုက်တက်အသင်းရဲ့ နောက်ခံအစွန်လူနေရာများ၌ ဗလင်စီယာ၊ ယန်းတို့ကို ကာလရှည် သုံးစွဲခဲ့ရပြီး လက်ရှိဘောလုံးရာသီမှသာ ဒါလော့က အသင်းရဲ့ ပထမကစားသမားနေရာအတွက် စတင်ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကစားသမားဖြစ်သူ ဝမ်ဘစ်ဆာကာကို ခေါ်ယူရန်အတွက်လည်း သတင်းများထွက်ပေါ်နေသလို ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်၊ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဆန်ချိုတို့ကို ခေါ်ယူကာ အသင်းကို သွေးသစ်လောင်းရန် ပြင်ဆင်နေပါတယ်။ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်း၌လည်း ဒီလစ်ဂ်၊ ယာအိုဖီးလစ်၊ အန်ဒွန်ဘီလီတို့လို လူငယ်ခြေတက်ကစားသမားများ ရှိနေပြီး ယူနိုက်တက်အသင်းအနေနဲ့ အဆိုပါ ကစားသမားများကိုလည်း ခေါ်ယူရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းမှုများ ရှိနေပါတယ်။

၅။ ဆိုးလ်ရှားအလိုရှိသည့် ကစားသမားများကို ခေါ်ယူပေးခြင်း။

ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ ဆိုးလ်ရှားက သူ့အနေနဲ့ အပြောင်းအရွှေ့ရာသီတစ်ခုအတွင်း၌ပင် ကစားသမား (၁၀) ဦးလောက်အထိ အပြောင်းအလဲပြုလုပ်မည် မဟုတ်ကြောင်း ဖွင့်ဟပြောကြားထားပါတယ်။ အသင်းအနေနဲ့ ဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်းတည်းက ကိုယ်ပိုင်ဟန် ပျောက်ဆုံးနေခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ နည်းစနစ်ပိုင်းကြွယ်ဝသည့် နည်းပြတစ်ဦးမဟုတ်သည့်တိုင် အသင်းအတွက် လိုအပ်သည့် ကစားသမားများကို မှန်ကန်စွာ ခေါ်ယူနိုင်ရေး ပရိသတ်များက မျှော်လင့်လျက်ရှိပါတယ်။ ယခင်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်၌ အသင်းရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်က မော်ရင်ဟိုအလိုရှိသည့် ကစားသမားများကို ခေါ်ယူရန် ပျက်ကွက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိ အခြေအနေဆိုးများမှ ရုန်းထွက်နိုင်ရန်အတွက် ဘုတ်အဖွဲ့အနေနဲ့ ဆိုးလ်ရှားအတွက် လိုအပ်သည့် ကစားသမားများကို ခေါ်ယူပေးပြီး နည်းပြအပေါ် အပြည့်အဝ ထောက်ခံမှုများ ပြုလုပ်ပေးသွားရန် လိုအပ်နေပါတယ်။

 

#HM(Soshwe)

#SoshweSports

#soshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 1 =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...