HomeSportယူနိုက်တက်အသင်းနဲ့ အနာဂတ် အပေါ် ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့သည့် လူကာကူ။

ယူနိုက်တက်အသင်းနဲ့ အနာဂတ် အပေါ် ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့သည့် လူကာကူ။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ လူကာကူက သူ့အနေနဲ့ လာမည့် ဘောလုံးရာသီ၌ ယူနိုက်တက်အသင်း၌ ဆက်ရှိနေရန် မသေချာကြောင်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဖြစ်သူ လူကာကူသည် စီးရီးအေ၌ ကစားရန် အရိပ်အမြွက် ဖွင့်ဟပြောကြားထားဖူးပြီး ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့ကလည်း လူကာကူကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

နည်းပြဆိုးလ်ရှားလက်ထက်၌ လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ နောက်မှာသာ ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရရှိထားသည့် လူကာကူက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းနဲ့ သရေကျခဲ့သော ပွဲစဉ်အပြီး၌ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေသော အပြောင်းအရွှေ့သတင်းများ၊ ယူနိုက်တက် ကစားသမားဘဝ အနာဂတ် နဲ့ ပတ်သက်၍ လူကာကူက “ကျွန်တော် မသိပါဘူး။ ကျွန်တော် ဒီနေရာ ရောက်နေတာက ကောလဟာလတွေကို ဖြေရှင်းဖို့ မဟုတ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။” ဟု တုံ့ပြန် ပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ လူကာကူသည် (၂၀၁၇) ခုနှစ် ဇူလိုင်လ၌ အဲဗာတန်အသင်းထံမှ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၉၆) ပွဲကစားပြီးချိန်၌ (၄၂) ဂိုးသွင်းယူပေးထားနိုင်သည့် တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − six =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...