HomeEntertainmentကမ္ဘာတစ်ဝှမ်း စံချိန်တင်သွားတဲ့ Avengers: Endgame

ကမ္ဘာတစ်ဝှမ်း စံချိန်တင်သွားတဲ့ Avengers: Endgame

- Advertisement -

ကမ္ဘာတစ်ဝှမ်းမှာ Avengers: Endgame ကို ရုံတင်ပြသပြီး ရက်အနည်းငယ်အကြာမှာ Box Office တိုင်းလိုလို  အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့ပါတယ်။

The Hollywood Reporter ရဲ့ ထုတ်ပြန်ကြေငြာချက်အရ Avengers: Endgame ဟာ ရုံတင်ပြသတာနဲ့ တစ်ပြိုင်နက် မြောက်အမေရိကမှာ ဒေါ်လာ သန်း ၃၅၀ ကျော် ဝင်ငွေရရှိခဲ့ပြီး အခြားနေရာအနှံ့မှာတော့ ဒေါ်လာ ၈၅၉ သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဒေါ်လာ ၁.၂ ဘီလျံကျော်ရရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Buzzfeed သတင်းဌာရဲ့ ကြေငြာချက်အရ Avengers: Endgame ဟာ ၂၀၁၈ ခုနှစ်က Avengers: Infinity War နဲ့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Fast & Furious 8 ထက်ကျော်လွန်ပြီး  အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

Avengers: Endgame ရဲ့ အောင်မြင်မှုက တစ်ရက်ထက်တစ်ရက် တိုးတက်လာကာ နောက်ထပ် ဘယ်လိုစံချိန်တွေကို ချိုးဖျက်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဝင်ငွေအများဆုံး စံချိန်တင်ထားတဲ့ The Avatar ဇာတ်ကားရဲ့ ဝင်ငွေ ၂.၇၉ ဘီလီယမ်ဒေါ်လာကို  ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 1 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...