HomeSportUEFA Champion League ပြိုင်ပွဲ နောက်ဆုံးလေးသင်းရဲ့ လက်ရှိအခြေအနေ။

UEFA Champion League ပြိုင်ပွဲ နောက်ဆုံးလေးသင်းရဲ့ လက်ရှိအခြေအနေ။

- Advertisement -

အခုလက်ရှိ ချန်ပီယံလီးဂ် ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးနောက် အေဂျက်စ်အသင်းမှ စပါးအသင်းအား ၁ – ၀ ၊ ဘာစီလိုနာအသင်းမှ လီဗာပူးအသင်းအား ၃ – ၀ နဲ့ အသီးသီး အနိုင်ရရှိထားကြပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း အေဂျက်စ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် အေဂျက်စ်နဲ့ စပါးအသင်း ဒုတိယအကျော့ ယှဉ်ပြိုင်ကစားမှုပွဲစဉ်မှာလည်း အေဂျက်စ်အသင်းအနေနဲ့ ချန်ပီလံလီးဂ်ဖလားကို (၄) ကြိမ်တိုင်တိုင် ရယူထားနိုင်ခဲ့တဲ့ အသင်းကြီးဖြစ်တဲ့အလျောက် စပါးအသင်းအနေနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ လီဗာပူးတို့ ပထမအကျော့ ပွဲစဉ်မှာလည်း လီဗာပူးတို့အနေနဲ့ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အတွက် ကစားသမားအင်အားတောင့်တင်းပြီး အစဉ်အလာကြီးမားတဲ့ ဘာစီလိုနာအသင်းကြီးနဲ့အပြိုင် တန်းတူရည်တူ ကစားနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

လက်ရှိ ပထမအကျော့ယှဉ်ပြိုင်ကစားပြီးရလဒ်အခြေအနေတွေအရ ဘာစီလိုနာအသင်းနဲ့ အေဂျက်စ်အသင်းတို့ ဖိုင်နယ်မှာတွေ့ဆုံဖို့ အခွင့်အလမ်းများပြားနေပါတယ်။ အေဂျက်စ်အသင်းအနေနဲ့ ပွဲစဉ်တစ်လျှောက်လုံး (၃၃) ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့တဲ့ (၁၇) ပွဲမှာ (၁၀) ပွဲတိတိကို အနိုင်ရယူထားနိုင်ခဲ့ပါတယ်။

- Advertisement -

ဘောလုံးပရိသတ်တွေအနေနဲ့လည်း ဘယ်အသင်းတွေက ဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းနိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်မျှော်ကြည့်ရှုရင်း Heineken Myanmar မှလည်း ဖိုင်နယ်သို့တက်ရောက်နိုင်မယ့် အသင်းတွေကို ခန့်မှန်းပြီး ဆုလက်ဆောင်တွေရယူနိုင်မယ့် အစီအစဉ်ကောင်းတွေကို အောက်ပါလင့်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော် . . .

http://bit.ly/2vsKCT6

- Advertisement -

 

 

အားလုံးပဲ Heineken Myanmar နဲ့အတူ ချန်ပီလံလီးဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အတူတူ အားပေးလိုက်ကြရအောင် . . .

 

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

18 − 9 =

Must Read

ဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။

၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ တရားဝင်အသုံးပြုခွင့် မရရှိသေးပါဘူး။ RG420 လို့အမည်ရတဲ့ ဆေးခြောက်ကော်ဖီဆိုင်ကို နိုင်ငံခြားခရီးသွားတွေနဲ့ ရေပန်းစားပြီး ရာနှင့်ချီသော ပြည်တွင်းပြည်ပ ဖောက်သည်များ စုပြုံရောက်ရှိနေပြီဖြစ်တဲ့ Khao San...