Pirates of the Caribbean ဇာတ်ကားထဲက ကပ္ပတိန် Jack Sparrow အဖြစ် လူသိများတဲ့ အသက်၅၅နှစ်အရွယ် Johnny Depp က သူလက်ရှိတွဲနေတဲ့ အသက်၂၀ကျော်အရွယ် ရရှားအကဆရာမ Polina Glen နဲ့ လက်ထပ်ထိမ်းမြားတော့မယ်ဆိုတော့ သတင်းတွေဟာ လူမှုကွန်ရက်တွေ သတင်းစာဆောင်းပါးတွေပေါ်မှာ ပလူပျံနေပါတယ်။
Johnnyဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်တဲ့ Aquaman ဇာတ်ကားထဲက Amber Heard နဲ့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။ တရားရင်ဆိုင်ရတဲ့အကြောင်းအရင်းကတော့ Johnny ဟာ Amber ကို စိတ်ပိုင်းဆိုင်ရာ သာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် Amber က ၂၀၁၆ခုနှစ် မေလမှာ ကွာရှင်းခွင့်တောင်းရာကနေ စခဲ့ပါတယ်။ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့နှစ်ဦး တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပြီး Amber အနေနဲ့ လျော်ကြေးငွေ ဒေါ်လာ၇သန်းရရှိခဲ့ပါတယ်။ Johnny အနေနဲ့ Amber နဲ့ ပြတ်ဆဲပြီး အချိန်တော်တော်ကြာကြာအထိ ဘယ်သူ့နဲ့မှ မတွဲခဲ့ပါဘူး။
၂၀၁၈ခုနှစ် မေလတုန်းက Moscow မြို့ရဲ့တစ်နေရာမှာ အကဆရာမလေးက Johnny ဘေးကနေ လမ်းလျှောက်သွားနေတာကို သတင်းထောက်တွေက အမိအရ ဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခုအချိန်မှာတော့ သူမက Johnny ရဲ့ အိမ်မှာ လာရောက်နေထိုင်နေတာပဲဖြစ်ပါတယ်။
Polina နဲ့ Johnny တို့က လော့စ်အိန်ဂျလိစ်မှာကျင်းပတဲ့ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ Johnny က သူမကို စတင်ပြီးလာရောက်နှုတ်ဆက်စဉ်က Johnny ဘယ်လောက်နာမည်ကြီးလည်းဆိုတာကို မသိခဲ့ဘဲနဲ့ သဘောကျ နှစ်သက်သွားမိတာပဲဖြစ်ပါတယ်။ Polina က Johnny ကို သတိမထားမိဘူးဆိုတာက သရုပ်ဆောင်အနုပညာရှင်တွေရဲ့ ရုပ်ရည်သွင်ပြင်ဟာ တီဗီဖန်သားပြင်ပေါ်နဲ့ အပြင်မှာ ကွဲပြားခြားနားနေလို့ပဲဖြစ်ပါတယ်။ သူမက ရုပ်ရည်လှပရုံသာမက အရည်အချင်းလည်းရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က MailOnline ကို ပြောပြခဲ့ပါတယ်။ Polina ကလည်း Johnny ကို သူမမိဘတွေနဲ့ တွေ့ဆုံပေးပြီးရင် အဆင်ပြေတာနဲ့ လက်ထပ်ကြမယ်လို့ ဆိုခဲ့ပါတယ်။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share