ပုရိသတို့အချစ်တော် အသက်၃၇အရွယ် တရုတ်မင်းသမီး Fan BingBing တစ်ယောက် အခွန်မဆောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတွေဖြစ်ကာ လူထုအရှေ့ကနေ တစ်နှစ်နီးပါးလောက် ပျောက်ကွယ်သွားပြီး ယခုအချိန်မှာ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဘေဂျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုကို Fan Bingbing က လှပခမ်းနားစွာဝတ်စားဆင်ယင်ပြီး တက်ရောက်လာတာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အခွန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် Fan ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတဲ့ Weibo ဆိုတဲ့ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေတင်ခြင်းကိုလည်း ပိတ်ပင်ခံခဲ့ရပါသေးတယ်။ ထိုလူမှုကွန်ရက်ကို အသုံးပြုတုန်းကလည်း သူမကိုကြိုက်နှစ်သက်ပြီး သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးသူ ၆၂သန်းကျော်လောက်ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့အောက်တိုဘာလမှာ တရုတ်နိုင်ငံအာဏာပိုင်တွေက အနုပညာသည်တစ်ယောက်အနေနဲ့ အခွန်ရှောင်တဲ့အတွက် Fan Bingbing ကို ဒေါ်လာသန်း ၁၃၀ခန့် ဒဏ်ကြေးတပ်ခဲ့ပါတယ်။ သူမဟာ ဒီလိုမျိုးအမှုကို ပထမဦးဆုံးအကြိမ် ပြုလုပ်မိတဲ့အတွက် ပြစ်ဒဏ်တွေက လျော့ပေါ့သွားတာပဲဖြစ်ပါတယ်။ တရုတ်ပြည်သမ္မတကြီး Xi Jinping ကလည်း တခြားသောအနုပညာရှင်တွေကို အခွန်ကို မှန်ကန်စွာဆောင်ရန် သတိပေးခဲ့ပါတယ်။
Fan Bingbing ကို ဟောလီဝုဒ်အကျော်အမော်တွေဖြစ်တဲ့ Jessica Chastain ၊ Lupita Nyong ၊ Penelope Cruz နဲ့ Marion Cotillard တို့နဲ့ အတူ ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာ ပြန်လည်တွေ့မြင်ရမှာ ဖြစ်တယ်လို့ Variety သတင်းဌာနက ဆိုပါတယ်။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share