HomeEntertainmentစစ်မှုထမ်းရရင် အနုပညာအလုပ်တွေ ရပ်နားရတော့မယ့် BTS

စစ်မှုထမ်းရရင် အနုပညာအလုပ်တွေ ရပ်နားရတော့မယ့် BTS

- Advertisement -

BTS ဟာ သူ့ထက်အရင်စီနီယာအဆိုတော်အဖွဲ့တွေကို ကျော်တက်ပြီး စံချိန်ချိုးနိုင်တဲ့အထိ အောင်မြင်မှုတွေတစ်ဟုန်ထိုးရလာခဲ့ပါတယ်။ လွန်ခဲ့တဲ့လတုန်းလည်း တောင်ကိုးရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS ဟာ Saturday Night Live မှာ ပါဝင်ခဲ့တာဖြစ်ပြီး Grammy ဆုပေးပွဲမှာလည်း ဆန်ကာတင်စာရင်းဝင်တဲ့ ပထမဦးဆုံးသော  တောင်ကိုးရီးယားအဖွဲ့ပဲဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက သူတို့ကို အနုပညာလမ်းပေါ်မှာ အချိန်အကြာကြီး  လျှောက်လှမ်းစေချင်သော်လည်း သူတို့မှာ ရှောင်လွဲလို့မရတဲ့ စစ်မှုထမ်းရမယ့်တာဝန်က ရှိနေပြန်ပါတယ်။ CBS နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ အဖွဲ့သားတွေက သူတို့ဟာ  တောင်ကိုးရီးယားစစ်တပ်ထဲမှာ စစ်မှုထမ်းဖို့အတွက် အနုပညာလောက ကနေ အသီးသီးရပ်နားရပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့က ကွဲကောင်းကွဲသွားလိမ့်မယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။

ယခုလက်ရှိမှာတော့ တောင်ကိုးရီးယားဥပဒေက အားကစားသမား သို့မဟုတ် အနုပညာရှင်ယောက်ျားလေးတစ်ယောက်ဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၈ နှစ်အတွင်း စစ်တပ်ထဲမှာ အနည်းဆုံး ၂၁ လခန့် စစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်ကို ချမှတ်ထားပါတယ်။

- Advertisement -

ဒါဆိုရင် စစ်မှုထမ်းတာက အဖွဲ့ရဲ့အနုပညာရှင်လှုပ်ရှားမှုတွေကို ဘယ်လိုအကျိုးသက်ရောက်မှုမျိုး ရှိစေမှာလဲ ဆိုတဲ့ မေးခွန်းကို Jin က ” တောင်ကိုးရီးယားနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်က  ပေးအပ်ထားတဲ့ တာဝန်ကိုထမ်းဆောင်ရမယ့် အချိန်ရောက်ရင် တာဝန်ကိုထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေရမှာ မို့ပါ။” လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။  စစ်မှုထမ်းရတာဟာ တစ်ဘဝလုံးလုပ်ဆောင်ရတဲ့ တာဝန်မဟုတ်ပေမယ့်လည်း BTS အနေနဲ့ ဒီလိုမျိုးတစ်ယောက်နဲ့တစ်ယောက်ခွဲခွာချိန်ရောက်ရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို တွေးပြီးစိတ်ပူဖူးလား ဆိုတဲ့  မေးခွန်းကိုတော့ အဖွဲ့ဝင်တွေက အခုချိန်မှာ သူတို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုရောက်နေပြီး သူတို့ရဲ့လက်ရှိအချိန်မှာပဲ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ဆိုခဲ့ပါတယ်။ ခြုံငုံပြီးကြည့်မယ်ဆိုရင်တော့ BTS အဖွဲ့သားတွေက စစ်မှုထမ်းဖို့အတွက် တာဝန်ကျလာတဲ့အချိန်မှာတော့ အဖွဲ့ကကွဲသွားနိုင်လောက်ပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read