HomeOtherအင်္ဂလန်ကို သွားရောက်လည်ပတ်တုန်း Buckingham နန်းတော်မှာ နေခွင့်မရတဲ့ Donald Trump

အင်္ဂလန်ကို သွားရောက်လည်ပတ်တုန်း Buckingham နန်းတော်မှာ နေခွင့်မရတဲ့ Donald Trump

- Advertisement -

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ အင်္ဂလန်သို့ ဇွန် ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ  သုံးရက်တာ သွားရောက်လည်ပတ်မှာပဲ ဖြစ်ပါတယ်။  ဘုရင်မကြီးနေထိုင်တဲ့ နန်းတော်မှာပြင်ဆင်မွမ်းမံမှုတွေ ရှိနိုင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုသမ္မတနဲ့  သမ္မတကတော်တို့အတွက်  အခန်းမရှိနိုင်လောက်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Buckingham နန်းတော်နဲ့  ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က နန်းတော်ထဲမှာ ပြင်ဆင်မွမ်းမံမှုတွေရှိတဲ့အတွက် သမ္မတ Trump နဲ့ သမ္မတကတော် Melania တို့ဟာ နန်းတော်ထဲမှာ  နေထိုင်ဖို့အတွက် အဆင်မပြေလောက်ဘူးဆိုသော်လည်း သမ္မတ နဲ့ သမ္မတကတော်တို့အတွက်  နေ့လည်စာတွေကိုတော့  စီစဉ်ထားတယ်လို့ ဆိုပါတယ်။

သမ္မတကို သဘောမကျတဲ့ လူတွေကတော့ သမ္မတကြီးရဲ့ ခရီးစဉ်အကြောင်းနဲ့  ပတ်သက်ပြီး  လူထုကိုကြေငြာတဲ့ အချိန်မှာ အမှားတွေ၊  ရယ်စရာဟာသတွေကို ရှာတွေ့ဖြစ်အောင် ရှာလေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လမှာ  ဗြိတိသျှပြည်ထောင်စုကို အမေရိကန်သမ္မတက  အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။

နန်းတော်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “ယခင်နှစ်က သမ္မတ လာရောက်လည်ပတ်တဲ့ အချိန်မှာ ဘယ်နေရာကိုမှ လည်ပတ်ခွင့်မရခဲ့တဲ့အတွက် ယခုအခါမှာတော့ အလုပ်ကိစ္စတွေပြီးသွားတဲ့အချိန်မှာ ရဟတ်ယာဉ်ပေါ်ကနေ  မြို့တွေအားလုံးကိုမြင်ရဖို့အတွက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးနဲ့  သမ္မတကြီးတို့က Horseguards Parade မှာ  တွေ့ဆုံဆွေးနွေးပွဲ  ပြုလုပ်သွားမှာဖြစ်ပြီး  ရထားလုံးနဲ့လည်ပတ်ဖို့ အစီစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ အတိအကျ မစီစဉ်ရသေးပါဘူး။” လို့ဆိုခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

နိုင်ငံနှစ်နိုင်ငံရဲ့ အကြီးအကဲတွေ ဆုံတွေ့တာဖြစ်တဲ့အတွက်လည်း  လုံခြုံရေးတွေကို  အထူးကြပ်မတ်ထားရမယ်ဆိုတာကိုလည်း ထည့်သွင်း  ပြောကြားသွားပါသေးတယ်။ အမေရိကန်ပြည်ထောင်စုရဲ့  သမ္မတ Donald Trump ဟာ လူမျိုးရေးခွဲခြားသူ  တစ်ဦးဖြစ်တဲ့အတွက် ဘုရင်မကြီးနဲ့  တွေ့ဆုံရန်    နန်းတော်ကိုလာမယ်ဆိုတဲ့  ကြေငြာချက်အပေါ်  နိုင်ငံရေးနယ်ပယ်က လူတော်တော်များများ က ပြင်းပြင်းထန်ထန်  ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + fourteen =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...