HomeEntertainmentGigi Hadid ရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်များ။

Gigi Hadid ရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်များ။

- Advertisement -

ဧပြီလ ၂၂ရက်နေ့မှာ Gigi Hadid တစ်ယောက် သူမရဲ့မွေးနေ့ကို သူငယ်ချင်းတွေဖြစ်တဲ့ Taylor Swift ၊ Hailee Steinfield ၊ Selena Gomez ၊ ထိပ်တန်းမော်ဒယ်ဖြစ်တဲ့ Martha Hunt တို့နဲ့အတူတူ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ Taylor တင်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာဆိုရင်  မွေးနေ့ရှင် Gigi ကိုဖက်ပြီး ဓာတ်ပုံရိုက်ထားတာပဲဖြစ်ပါတယ်။ သူတို့ပုံစံလေးကိုကြည့်ရတာ အရမ်းကိုလွတ်လပ်ပြီး ပေါ့ပါးပျော်ရွှင်နေကြတဲ့ ဆယ်ကျော်သက်အရွယ်  ကောင်မလေးတွေလိုပါပဲ။ နောက်ပြီးတော့ သူမရဲ့သူငယ်ချင်းတွေကလည်း သူမပျော်ရွှင်အောင်လုပ်ပေးနေကြပုံပါပဲ။

နှစ်စဉ်နှစ်တိုင်းမှာ မွေးနေ့ပွဲကိုတက်ရောက်တဲ့ သူမရဲ့ သူငယ်ချင်းတွေကသာ  ပြောင်းလဲသွားပါသော်လည်း Taylor ကတော့ မပါမဖြစ်ပါပဲ။ Taylor ကို သူမရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရတာကတော့ နှစ်သစ်ကူးရက်မှာပဲဖြစ်ပါတယ်။ သူမ ကျင်းပတဲ့ပါတီပွဲမှာ Gigi က Mary Poppins လို ဝတ်ဆင်ခဲ့ပြီး Taylor က Ariel လို ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ Gigi နဲ့ Taylor တို့ရဲ့ ခင်မှုသက်တမ်းဟာ  တော်တော်ကြာပြီလို့ဆိုနိုင်ပါတယ်။ Taylor ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို Gigi က သွားရောက်ကြည့်ရှုအားပေးပြီး Gigi ရဲ့ ဖက်ရှင်ရှိုးပွဲတွေကို Taylor က သွားရောက်အားပေးတတ်ကြပါတယ်။

- Advertisement -

Variety show တစ်ခုမှာ Gigi က သူမဟာ Taylor ရဲ့ သီဆိုဖျော်ဖြေမှုတွေကို သွားရောက်ကြည့်ရှုရတိုင်း Taylor တစ်ယောက် ဒီလိုစင်ပေါ်မှာ သီဆိုဖျော်ဖြေဖို့အတွက် ဘယ်လောက်ထိတောင် ကြိုးစားခဲ့ရမလဲဆိုပြီး တွေးကြည့်ကာ အားကျလေးစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ထပ်ပြီးတော့လည်း ” Taylor နဲ့ ခင်မင်ရတာ တစ်ကယ်ကိုပျော်ဖို့ကောင်းတယ်။ သူမက တကယ်ကိုချစ်ဖို့ကောင်းပြီး စိတ်ထားလည်းကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။  နောက်ပြီးတော့ ကျွန်မက သူမရဲ့အမာခံပရိသတ်တစ်ယောက်ပါလို့။” ဆိုခဲ့ပါသေးတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...