HomeEntertainmentရွေးကောက်ပွဲ၌ မဲပေးကြရန် အိန္ဒိယပြည်သူများကို တိုက်တွန်းခဲ့သည့် မင်းသားကြီး ရှာရွတ်ခန်း။

ရွေးကောက်ပွဲ၌ မဲပေးကြရန် အိန္ဒိယပြည်သူများကို တိုက်တွန်းခဲ့သည့် မင်းသားကြီး ရှာရွတ်ခန်း။

- Advertisement -

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နေ့မှ စတင်ခဲ့ပြီဖြစ်သည့် အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲသည် လာမည့် မေလ (၁၁) ရက်နေ့အထိ (၅) ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။ အဆိုပါနေ့ရက်၌ မဲအရေအတွက်များကို ရေတွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ အိန္ဒိယနာမည်ကျော်မင်းသားကြီး ရှရွတ်ခန်က နိုင်ငံအတွင်းရှိ ပြည်သူများကို မဲပေးကြရန်အတွက် သူ့ရဲ့ သီချင်းဗီဒီယိုအသစ်မှတစ်ဆင့် တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

ရှရွတ်ခန်က သူ့ရဲ့ ရက်ပ်သီချင်း၌ “မဲပေးကြပါစို့” ဟု ထည့်သွင်းသီဆိုခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့်လည်း “မဲပေးခြင်းက ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုတည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ပါဝါတစ်ခုပါပဲ။” ဟု ရေးသားမျှဝေခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ မိုလ်ဒီကလည်း ပြီးခဲ့သည့် မတ်လတည်းက ပြည်သူများကို မဲပေးကြရန်အတွက် အားပေးလှုံ့ဆော်မှုများ ပြုလုပ်ထားပြီး အိန္ဒိယနာမည်ကျော်များအနေနဲ့လည်း အိန္ဒိယပြည်သူများ သွားရောက်မဲပေးရေးအတွက် ဖန်တီးနိုင်စွမ်းအပြည့်နဲ့ လှုံ့ဆော်ပေးရန် မတ်လ (၁၃) ရက်နေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် တောင်းဆိုခဲ့ပါသေးတယ်။

- Advertisement -

ယခုကဲ့သို့ ရှရွတ်ခန်ရဲ့ စည်းရုံးလှုံ့ဆော်မှုနဲ့ ပတ်သက်၍လည်း မိုလ်ဒီက “အရမ်းကိုကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုပါပဲ။ ခင်ဗျားရဲ့ စည်းရုံးမှုက အခုမှ ပထမဆုံးအကြိမ်မဲပေးမယ့် ပြည်သူတွေကို အာရုံစိုက်မိစေပြီး လူပေါင်းများစွာကမဲပေးဖို့ ရောက်ရှိလာကြပါလိမ့်မယ်။” ဟုလည်း ချီးကျူးပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read