HomeOtherဟိုတယ်ခန်းများအတွင်း၌ ခရစ်ယာန်ကျမ်းစာအုပ်များထားရှိရသည့်အကြောင်းရင်း။

ဟိုတယ်ခန်းများအတွင်း၌ ခရစ်ယာန်ကျမ်းစာအုပ်များထားရှိရသည့်အကြောင်းရင်း။

- Advertisement -

ခရီးသွားအရောင်းကုန်သည် (၃) ဦးသည် ဟိုတယ်ခန်းတစ်ခုအတွင်း၌ တွေ့ဆုံမိခဲ့ကြပြီးနောက် (၁၈၉၉) ခုနှစ်၌ Gideon International ဟုအမည်ရသည့် ခရစ်ယာန်ဘာသာဝင် အဖွဲ့အစည်းတစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်ဟု Los Angeles Times ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ အဖွဲ့ဝင်များသည် အသစ်တည်ဆောက်သည့် ဟိုတယ်များရဲ့ မန်နေဂျာများနဲ့ တွေ့ဆုံကာ ခရစ်ယာန်သမ္မာကျမ်းစာအုပ်ကို မိတ္တူဆွဲပြီး အခမဲ့ပေးဝေခြင်း၊ ဟိုတယ်ခန်းများအတွင်း ထားရှိပေးခြင်းများကို  ပြုလုပ်ခဲ့ကြပါတယ်။ Marriott ဟိုတယ်များသည်လည်း လက်ရှိအချိန်အထိ ခရစ်ယာန်သမ္မာကျမ်းစာအုပ်များကို အခမဲ့ရရှိနေဆဲဖြစ်ကြောင်းလည်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သို့ရာတွင် နောက်ပိုင်းဟိုတယ်များ၌ ယခုကဲ့သို့ ခရစ်ယာန်သမ္မာကျမ်းစာအုပ်များ ထားရှိခြင်းဓလေ့က  လျော့နည်းလာခဲ့ပြီး ဟိုတယ်များရဲ့ (၁၅) ရာခိုင်နှုန်းက ယခုကဲ့သို့ ထားရှိခြင်းများ မပြုလုပ်တော့ကြောင်း သိရှိရပါတယ်။ (၂၀၀၆) ခုနှစ်၌ ဟိုတယ်များရဲ့ (၉၅) ရာခိုင်နှုန်းက ယခုဓလေ့ကို လိုက်ပါကျင့်သုံးခဲ့ကြပေမယ့် လက်ရှိအချိန်တွင်မူ (၇၉) ရာခိုင်နှုန်းသော ဟိုတယ်များကသာ ကျမ်းစာအုပ်များကို အခန်းတွင်း၌ ထားရှိပေးတော့ကြောင်း စစ်တမ်း ကောက်ယူမှုတစ်ခုအရ သိရှိရပါတယ်။

- Advertisement -

ယနေ့ခေတ်ဟိုတယ်များသည် ဧည့်သည်များကို အခြားသော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် အခန်းတွင်း Wifi Free အသုံးပြုခွင့်ရရှိခြင်းကဲ့သို့သော ဝန်ဆောင်မှုများနဲ့ ဆွဲဆောင်လာကြပြီး ယခုကဲ့သို့ ခရစ်ယာန်သမ္မာကျမ်းစာအုပ်ကို အခန်းတွင်းထားရှိပေးခြင်းဓလေ့က တဖြည်းဖြည်း တိမ်ကောလာခဲ့ပြီလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read