HomeEntertainmentမင်းသားကြီး Tom Hanks နဲ့ ဇနီးသည် Rita Wilson တို့ရဲ့ အချစ်ခရီးလမ်း။

မင်းသားကြီး Tom Hanks နဲ့ ဇနီးသည် Rita Wilson တို့ရဲ့ အချစ်ခရီးလမ်း။

- Advertisement -

Tom Hanks နဲ့ Rita Wilson တို့ဟာ (၁၉၈၀) ပြည့်နှစ်များ၌ စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က Tom က Samantha Lewes နဲ့ လက်ထပ်ထားချိန်လည်း ဖြစ်ပါတယ်။

- Advertisement -

(၁၉၈၆) ခုနှစ် ဒီဇင်ဘာလ၌မူ Tom နဲ့ Rita တို့ နှစ်ဦးဟာ လူမြင်ကွင်း၌ပင် တွဲခုတ်နေကြပြီဖြစ်ပြီး Tom အနေနဲ့လည်း (၁၉၈၇) ခုနှစ်အရောက်၌ ဇနီးသည်ဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။

- Advertisement -

- Advertisement -

(၁၉၈၈) ဧပြီလ (၃၀) ရက်နေ့၌ မင်္ဂလာပွဲကျင်းပခဲ့ကြသည့် Tom နဲ့ Rita တို့ နှစ်ဦးရဲ့ အိမ်ထောင်ရေးကဟာ ယနေ့အချိန်အထိ တည်မြဲနေဆဲဖြစ်ပြီး (၁၉၉၀) ပြည့်နှစ်၌ Rita က သူတို့နှစ်ယောက်ရဲ့သားဦးဖြစ်သူ Chester Marlon ကို မွေးဖွားပေးခဲ့ပါတယ်။

(၁၉၉၃) ပြည့်နှစ်၌မူ အဆိုပါစုံတွဲဟာ Sleepless in Seattle ဇာတ်ကား၌ သူငယ်ချင်းကောင်းနှစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

(၁၉၉၅) ခုနှစ်၌ Tom က အော်စကာဆုကို (၂) နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး ဒီလိုစွမ်းဆောင်နိုင်ခဲ့ခြင်းကလည်း သမိုင်းတစ်လျှောက် ဒုတိယမြောက် စွမ်းဆောင်နိုင်ခဲ့တဲ့ မင်းသားတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ အဆိုပါ အော်စကာဆုပေးပွဲ၌ Tom က ဇနီးသည်ဖြစ်သူ Rita နဲ့ပတ်သက်၍ ချီးကျူးပြောကြားမှုများ၊ ဇနီးသည်အပေါ်ကို ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဒုတိယမြောက်သားဖြစ်သူ Truman Theodore ကိုလည်း (၁၉၉၅) ခုနှစ်၌ပင် ရရှိခဲ့ပါတယ်။

(၁၉၉၅) ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့၌ Tom ၊ Rita နဲ့ ဒါရိုက်တာဖြစ်သူ Ron Howard တို့ဟာ မင်းသမီးကြီး ဒိုင်ယာနာနဲ့တွေ့ဆုံခဲ့ကြပြီး (၂၀၀၂) ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့၌ Hollywood ရဲ့ Life Achievement Award ကို ဆွတ်ခူးရရှိခဲ့သည့် Tom က သူ့ဇနီးသည်ကို ချစ်ခင်မြတ်နိုးစွာနဲ့ပဲ လူမြင်ကွင်း၌ နမ်းရှုံ့ခဲ့ပါတယ်။

မိဘများဖြစ်နေကြပြီဖြစ်သည့် Tom နဲ့ Rita တို့ နှစ်ဦးသည်သားသမီးများနဲ့အတူ LA Dodgers နဲ့ St. Louis Cardinals တို့ရဲ့ ဘေ့စ်ဘောပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးနေခဲ့ကြသည့် ပုံရိပ်များကိုလည်း မြင်တွေ့ခဲ့ရသလို (၂၀၁၁) ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပခဲ့သည့် “Brits to Watch” ပွဲ၌ Tom နဲ့ Rita တို့ နှစ်ဦးဟာ မင်းသားဝီလီယံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့ စုံတွဲနဲ့ စကားလက်ဆုံကျနေခဲ့သည့် မြင်ကွင်းများကိုလည်း ပရိသတ်များက မြင်တွေ့ခံစားခဲ့ရပါတယ်။

(၂၀၁၂) ခုနှစ်သည် နှစ်ဦးလုံးအတွက် အောင်မြင်ခဲ့သည့် နှစ်တစ်နှစ်ဟု ပြောနိုင်ပြီး Tom က ခြောက်ကြိမ်မြောက် Emmy Award ကို ရရှိနိုင်ခဲ့သည့်အပြင် Rita ကလည်း သူမရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် AM/FM ကို အောင်မြင်စွာအသံသွင်းနိုင်ခဲ့ပါတယ်။

(၂၀၁၄) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် အမေရိကန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ပွဲစဉ်ကို Tom တို့ မိသားစုလိုက် ကြည့်ရှုအားပေးနေကြသည့် ဓာတ်ပုံကိုလည်း Rita က သူမရဲ့ တွစ်တာအကောင့်မှတဆင့် ပရိသတ်များကို မျှဝေပေးခဲ့ပါတယ်။

ယနေ့အချိန်အထိ Tom နဲ့ Rita တို့ နှစ်ဦးဟာ သစ္စာရှိရှိ ချစ်နေကြဆဲပင်ဖြစ်ပြီး Rita က တစ်ကိုယ်တော်အခွေ (၃) ခွေနဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့ပြီးဖြစ်သလို Tom ကလည်း သူ့ကိုယ်ပိုင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

<Unicode Version>

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read